လှေ​စီး​ရွှေ့​ပြောင်း​သူ ၂ ထောင်ကျော်​ကို လစ်​ဗျား​ကမ်း​လွန်​မှာ ကယ်​နေ​ရ

  • 22 ဩဂုတ် 2015
italy_migrant
Image caption အဲဒီ့ ရေပြင် ဧရိယာ ထဲမှာ လုပ်ခဲ့ဖူး သမျှ ကယ်ဆယ်ရေး လုပ်ငန်း တွေ ထဲ အကြီးအကျယ် ဆုံး ဖြစ်။

ရွှေ့ပြောင်း ဝင်ရောက်သူ ၂ ထောင်ကျော် ကို လစ်ဗျား ကမ်းလွန် ရေပြင် က နေ ကယ်တင် နိုင်ဖို့ စီစဉ် လုပ်ဆောင် ခဲ့ရတယ် လို့ အီတလီ ကမ်းစောင့်တပ် က ပြောပါတယ်။

လူတွေ ပြွတ်သိပ် နေအောင် တင်ထားတဲ့ လှေတွေ နဲ့ ရာဘာ လေမှုတ် လှေငယ် တွေ စုစုပေါင်း ၂၂ စင်း ဆီ ကနေ ကယ်တင်ဖို့ အရေးပေါ် အချက်ပေး အကူအညီ တောင်း ခံ လာမှု တွေ ကို ရရှိ ခဲ့တဲ့ နောက် ကယ်တင်ရေး အစီအစဉ် တွေ စတင် ဆောင်ရွက် ခဲ့ ရတာ ဖြစ်ပါတယ်။

အခု ကယ်တင် ထားခဲ့ ပြီး သမျှ ထဲ မှာ နစ်မြုပ် ဖို့ အန္တရာယ် ကြုံနေရတဲ့ သစ်သား လှေ ၂ စင်း ပေါ် စုပြုံ တင်ဆောင် ခံထားရသူ အယောက် ၉၀၀ လည်း အပါအဝင် ဖြစ်ပါတယ်။

အခု ဆောင်ရွက် နေရတာ ဟာ အဲဒီ့ ရေပြင် ဧရိယာ ထဲမှာ လုပ်ခဲ့ဖူး သမျှ ကယ်ဆယ်ရေး လုပ်ငန်း တွေ ထဲ အကြီးအကျယ် ဆုံးပဲ ဖြစ်ပါတယ်။

ည အချိန် ရောက်တဲ့ တိုင်အောင် ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် နေကြ ဆဲ ဖြစ် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ