ကို​ရီး​ယား​၂​နိုင်ငံ အစည်းအဝေး ခေတ္တ​ရပ်နား

  • 22 ဩဂုတ် 2015
_korea ဓာတ်ပုံ မူပိုင် Reuters
Image caption မှာ ၂ ဘက် ထိပ်တန်း အရာရှိတွေ နာရီပေါင်း များစွာ အရေးပေါ် စည်းဝေးခဲ့။

တောင်-မြောက် ကိုရီးယား ၂ နိုင်ငံ နယ်စပ်ကြား တိုးမြင့် ဖြစ်ပေါ် နေတဲ့ တင်းမာမှု တွေ ကို ဖြေလျှော့ နိုင်ဖို့ စစ်မဲ့ဇုံ အဖြစ် သတ်မှတ် ထားတဲ့ နေရာ မှာ ၂ ဘက် ထိပ်တန်း အရာရှိတွေ နာရီပေါင်း များစွာ အရေးပေါ် စည်းဝေးခဲ့ ကြပြီး တဲ့နောက် အခု ဆို အစည်းဝေး ခေတ္တ ရပ်နား လိုက်ပြီ ဖြစ်ပါတယ်။

ဒီကနေ့ တနင်္ဂနွေ နေ့ နှောင်းပိုင်း မှာ ဆွေးနွေးပွဲ ပြန်လည် စတင်ဖို့ နှစ်ဘက် သဘောတူ ခဲ့ ကြပါတယ်။

တောင်ကိုရီးယား နိုင်ငံက နယ်စပ် ကနေ အသံချဲ့စက် သုံးပြီး ကွန်မြုနစ် ဆန့်ကျင်ရေး ဝါဒ ဖြန့်ချီမှုတွေ ထုတ်လွှင့် နေတာ ကို ရပ်တန်းက ရပ်ဖို့ မြောက်ကိုရီးယား က နောက်ဆုံး အချိန် သတ်မှတ် ပေးထားတာ မတိုင်ခင်မှာ ၂ နိုင်ငံ ထိပ်တန်း ခေါင်းဆောင် တွေ ရဲ့ အဆင့်မြင့် အကြံပေး အရာရှိ တွေ တွေ့ဆုံ ခဲ့ ကြတာ ဖြစ်ပါတယ်။

သတ်မှတ်ချိန် ကျော်လွန်လို့မှ တောင်ကိုရီးယား ဘက်က မလိုက်နာ ခဲ့ဘူး ဆိုရင် စစ်ရေး အရ ပစ်ခတ်ပြီး အရေးယူ ဆောင်ရွက်မယ်လို့ မြောက်ကိုရီးယား က ရာဇသံပေး ခြိမ်းခြောက် ထားခဲ့တာ ဖြစ်ပါတယ်။

နှစ်ဘက် အရာရှိတွေ တွေ့ဆုံ ကြတုန်းကတော့ ပြုံးပြုံးရွှင်ရွှင် နဲ့ လက်ဆွဲနှုတ်ဆက် ခဲ့ကြတာ ကို တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ