ဘေရွတ်မြို့မှာ အမှိုက်မသိမ်းလို့ အဓိကရုဏ်းတွေဖြစ်

beirut_protest_
Image caption ဘေရွတ် မြို့တော် ရဲ့ လမ်းတွေ ပေါ် မှာ အမှိုက် တွေ မသိမ်းပဲ စုပုံ နေခဲ့တာ သီတင်းပတ် အတန် ကြာပြီ ဖြစ်။

လက်ဘနွန် နိုင်ငံ မြို့တော် ဘေရွတ် မြို့လည်မှာ ဖြစ်ပေါ် ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲ ကို လုံခြုရေး အဖွဲ့တွေ က မီးသတ်ပိုက် တွေ သုံးပြီး ဖြိုခွင်း ခဲ့ကြပါတယ်။

ဆန္ဒပြ သမားတွေ ဘက်ကလည်း မီးကျည်တွေ အပါအဝင် ရရာ ပစ္စည်း တွေ နဲ့ ပြန်လည် ပစ်ပေါက် ခဲ့ကြပါတယ်။

အဲဒီ့နောက် မကျေနပ်မှု တွေ ပိုမို မြင့်တက် လာပြီး မြို့တော် ရဲ့ တခြား နေရာ တွေ မှာပါ အဓိကရုဏ်း တွေ ပေါက်ကွဲ ထွက် လာပါတယ်။

ဘေရွတ် မြို့တော် ရဲ့ လမ်းတွေ ပေါ် မှာ အမှိုက် တွေ မသိမ်းပဲ စုပုံ နေခဲ့တာ သီတင်းပတ် အတန် ကြာနေပြီ ဖြစ်လို့ မကျေနပ် မှု တွေ နဲ့ မငြိမ်သက်မှု တွေ လည်း တဆထက်တဆ တိုးမြင့် ဖြစ်ပေါ်လာ ခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရ အာဏာပိုင် တွေ အတွင်း အကျင့်ပျက် ခြစားမှု တွေ ရှိနေပြီး စွမ်းဆောင်ရည် မပြည်မီ သူတွေ ဖြစ်တယ် လို့ ဆန္ဒပြသူ တွေ က အပြစ်တင် နေကြ ပါတယ်။

ဒါ့အပြင် ဝန်ကြီးချုပ် တာမန်း ဆလာမ်း နှုတ်ထွက် ပေးဖို့လည်း ဆန္ဒပြသမား တော်တော်များများ က တောင်းဆို ခဲ့ ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ