ဘာလ်ရှမင် ရှေးဝတ်ကျောင်းကို IS တွေ ဖောက်ခွဲ

  • 23 ဩဂုတ် 2015
_syria_palmyra
Image caption ပါလ်မိုင်းရား မြို့ဟာ ကုလသမဂ္ဂ ယူနက်စ်ကို ရဲ့ အသိအမှတ် ပြု ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာ ဖြစ်ပါတယ်။

ဆီးရီယား နိုင်ငံ ပါလ်မိုင်းရား မြို့ က ဘာလ်ရှမင် ဘုရား ကျောင်းလို့ အသိများတဲ့ ရှေးဟောင်း အမွေအနှစ် ဝတ်ပြု ကျောင်းဆောင်ကြီး ကို အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ က ဖောက်ခွဲ ဖျက်ဆီး ပစ်လိုက် တယ် ဆိုတဲ့ သတင်းတွေ ရနေပါတယ်။

ဘာလ်ရှမင် ဘုရား ကျောင်း ကို ဖောက်ခွဲ တဲ့ အခါ ပါလ်မိုင်းရား မြို့ မှာ ရှိတဲ့ နာမည်ကျော် ရောမခေတ် ကျောက်တိုင် တချို့လည်း ထိခိုက် ခဲ့ကြတယ် လို့ ဆီးရီးယား အရေး စောင့်ကြည့် နေသူ တွေ က ပြောပါတယ်။

ပါလ်မိုင်းရား မြို့ဟာ ကုလသမဂ္ဂ ယူနက်စ်ကို ရဲ့ အသိအမှတ် ပြု ကမ္ဘာ့ ယဉ်ကျေးမှု အမွေ အနှစ် နေရာ ဖြစ် ပြီး အရှေ့အလယ်ပိုင်း ဒေသရဲ့ အရေးအပါ ဆုံး ရှေးဟောင်း နေရာ တွေ ရှိရာ မြို့ ဖြစ်ပါတယ်။

ပါလ်မိုင်ရား မှာ ရှိတဲ့ ရှေးလက်ရာ အပျက်အစီး အကြွင်းအကျန် တွေ ကို စောင့်ရှောက် ခြင်း အလုပ် အပေါ် ဘဝ တစ်ခုလုံး မြှုပ်နှံ လုပ်ကိုင် နေတဲ့ ရှေးဟောင်း သုတေသီ တစ်ဦး ကို လည်း အခု ရက်ပိုင်း အတွင်း က ပဲ IS တွေ က သတ်ဖြတ် ခဲ့ကြ ပါသေးတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ