ကိုရီးယား နှစ်နိုင်ငံကြား သဘောတူမှု ရရှိ

  • 24 ဩဂုတ် 2015
_sp_tow_koreas ဓာတ်ပုံ မူပိုင် AFP
Image caption နောက်ဆက်တွဲ စကားပြော ဆိုမှု တွေ ဆက်လက် လုပ်ဆောင် ကြဖို့ လည်း နှစ်ဘက် သဘောတူ။

တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံကြား နယ်စပ် မှာ တင်းမာ နေတဲ့ အခြေအနေ ကို လျှော့ချ နိုင်ဖို့ ရည်ရွယ်ပြီး နာရီ ပေါင်းများစွာ အချိန်ယူ ဆွေးနွေး ခဲ့ကြတဲ့ နောက် သဘောတူညီ မှု တစ်ရပ် ရလာခဲ့တယ် လို့ ၂ နိုင်ငံလုံးက ဆိုပါတယ်။

၂ နိုင်ငံ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် တွေ အရ တောင်ကိုရီးယား ဘက် ကလည်း နယ်စပ် မှာ အသံချဲ့စက် တွေ သုံးပြီး ဝါဒ ဖြန့်ချီရေး တွေ ထုတ်လွှင့် နေတာ ကို ရပ်တန့် မှာ ဖြစ်သလို၊ လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှု မှာ တောင်ကိုရီးယား စစ်သား ၂ ဦး ဒဏ်ရာရ ခဲ့တဲ့ အပေါ် မြောက်ကိုရီးယား က ဝမ်းနည်းကြောင်း ပြောမယ် လို့ ဆိုပါတယ်။

တောင်ကိုရီးယား ဘက် က တောင်းဆို ထား သလောက် မြောက်ကိုရီးယား အနေနဲ့ တောင်းပန် စကား ပြောမှာ လား ဆိုတာ တော့ ရှင်းရှင်းလင်းလင်း မရှိ ဘူးလို့ ဆိုးလ်မြို့တော် မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။

တိုးတက် လာခဲ့တဲ့ အချက် တွေ အပေါ် မူတည်ပြီး နောက်ဆက်တွဲ စကားပြော ဆိုမှု တွေ ဆက်လက် လုပ်ဆောင် ကြဖို့ လည်း နှစ်ဘက် သဘောတူ ခဲ့ ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကတော့ အပြန်အလှန် ပစ်ခတ်မှု အနည်းငယ် ဖြစ်ခဲ့ ပြီး နယ်စပ် မှာ နှစ်ဘက်တပ် တွေ ကို ကိုယ်စီ အရေးပေါ် အဆင့် တပ်လှန့်ထား တဲ့ အထိ တင်းမာ ခဲ့ ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ