ဘန်ကောက်ဗုံးခွဲမှု စုံစမ်းရေးတွေ တိုးတက်မှု သိပ်မရှိ

  • 24 ဩဂုတ် 2015
Bangkok Bomb ဓာတ်ပုံ မူပိုင် AFP
Image caption ပြီးခဲ့တဲ့ တပါတ်က ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတဲ့ ဧရာဝဏ် ဘုရား

ထိုင်းနိုင်ငံ မှာ သြဂုတ်လ ၁၇ ရက် တနင်္လာနေ့က ဗုံးခွဲ တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ မှာ တိုးတက်မှု အနည်းငယ်သာ ရခဲ့တယ်လို့ ထိုင်းရဲချုပ်က ဝန်ခံ ပြောဆိုလိုက် ပါတယ်။

ပျက်နေတဲ့လုံခြုံရေး ကင်မရာတွေ အပါအဝင် တခြားပြဿနာတွေကိုလည်း သူက မီးမောင်းထိုး ပြောခဲ့ပါတယ်။

ဧရာဝဏ် ဘုရားဝင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အတွက် လူ ၂၀ သေဆုံးပြီး နောက်ထပ် ၁၂၀ ဒဏ်ရာရခဲ့ကြပါတယ်။

ဘန်ကောက်မြို့ထဲက လုံခြုံရေး ကင်မရာ ၄ ခုမှာ တစ်ခုပဲ ကောင်းတယ်လို့ ရဲချုပ် ဗိုလ်ချုပ်ကြီး Somyot Punpanmuang က ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပြီး ပေါ်ထွက်လာတဲ့ ဗီဒီယိုထဲမှာ အဓိက သံသယ ရှိသူဟာ ဗုံးပေါက်ကွဲ ခဲ့တဲ့ နေရာမှာ သူ့အိတ်ကို ချထားခဲ့ပြီး ထွက်ခွာသွားတာ မြင်ရပါတယ်။

မော်တော်ဆိုင်ကယ် တက္ကစီပေါ် သူတက်သွား ပြီးတဲ့နောက်မှာ ရဲတွေက သူ့ကို မျက်ခြေ ပြတ်သွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ