ဂျာမဏီ ကို ရွှေ့ပြောင်းဝင်ရောက်လာသူတွေရဲ့ အရေး

  • 26 ဩဂုတ် 2015
germany migrant ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမဏီကို ဝင်ရောက်ခိုလှုံသူတွေ

ဂျာမဏီ ဝန်ကြီးချုပ် အင်ဂလာမာကဲလ် က ရွှေ့ပြောင်းဝင်ရောက်လာသူတွေ အများအပြား ရောက်လာတာနဲ့ ပတ်သက်ပြီး ဂျာမဏီ နိုင်ငံ ဟာကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ် လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အကုန် က လက်ယာစွန်း တွေ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ ဂျာမဏီအရှေ့ပိုင်း Heidenau မြို့က ဒုက္ခသည် စခန်း တခုကို ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့ပြီး အဲဒီ လက်ယာ စွန်းတွေ ရဲ့ လုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာ ဖြစ်ပြီး ရှက်စရာကောင်းတဲ့အပြုအမူ လို့ သူ က ပြောလိုက်ပါတယ်

လူတိုင်းလူတိုင်းကို လူသားပီသစွာ ဆက်ဆံရမယ် လို့လည်း သူ ကသတိပေး သွားပါတယ်။

အဲဒီနေရာမှာ ဆန္ဒပြဖို့စောင့်နေကြတဲ့ လက်ယာ အစွန်းရောက် လူအုပ်စုတွေ ကတော့ သူ့ ကို ရှုတ်ချလှောင်ပြောင် ခဲ့ကြပါတယ်။

ရွှေ့ပြောင်းလာတဲ့သူတွေ ကို ဆန့်ကျင်တဲ့သဘောထား က အထူးသဖြင့် ဂျာမဏီ နိုင်ငံ အရှေ့ဘက်အရပ်တွေမှာ ပို ဖြစ်ပေါ်နေပြီး ဂျာမဏီ ၂ နိုင်ငံ ပေါင်းစည်းခဲ့ကြပေမယ့် စီးပွားရေး အကျိုးအမြတ်တွေ ကို အဲဒီအရှေ့ဘက်မှာ အရ နည်းတယ်လို့ လည်း သိရပါတယ်။