ကက်ထရီးနားမုန်တိုင်းကျခဲ့တာ ၁၀ နှစ်ပြည့်ပြီ

  • 27 ဩဂုတ် 2015
_katrina ဓာတ်ပုံ မူပိုင်
Image caption ဟာရီကိန်း ကက်ထရီးနား ဒဏ် ကြောင့် လူပေါင်း တစ်ထောင့်ရှစ်ရာ ကျော် သေဆုံး ခဲ့ရ။

အမေရိကန် ပြည်ထောင်စု New Orleans မြို့ မှာ ဟာရီကိန်း ကက်ထရီးနား မုန်တိုင်းဒဏ် ကို ဆိုးရွားစွာ ခံခဲ့ ရတာရဲ့ ၁၀ နှစ်ပြည့် အထိမ်းအမှတ် ပွဲ တွေကို ဦးဆောင် ကျင်းပ ပေးဖို့ သမ္မတ အိုဘားမား ဆိုက်ရောက် ရောက် လာခဲ့ ပြီ ဖြစ်ပါတယ်။

အသက်ဘေးက လွတ်မြောက် ခဲ့တဲ့ ဒေသခံ တွေ နဲ့ သမ္မတ အိုဘားမား တွေ့ဆုံ မှာ ဖြစ်ပြီး မြို့တော် ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေ မှာလည်း အကူအညီ ပေးဖို့ ရှိနေပါတယ်။

New Orleans မြို့ မှာ မုန်တိုင်းကျရောက်စဉ် တမံ ကျိုးပြီး ရေလွှမ်း ခံခဲ့ရတဲ့ အနိမ့် ပိုင်း ရပ်ကွက် တွေ ဟာ လူမည်း တွေ အများစု နေထိုင်ရာ ဆင်းရဲ တဲ့ နေရာ တွေ ဖြစ် ပါတယ်။

ဒီလို မြို့တော် အတွင်း လူမှု အသိုင်းအဝိုင်းတွေ ကြား မညီမမျှ ဖြစ်နေမှု အပေါ် သမ္မတ အိုဘားမား က မီးမောင်းထိုး ပြောကြား မယ် လို့ လည်း မျှော်လင့် ရပါတယ်။

ဟာရီကိန်း ကက်ထရီးနား ဒဏ် ကြောင့် လူပေါင်း တစ်ထောင့်ရှစ်ရာ ကျော် သေဆုံး ခဲ့ရပြီး၊ ဒါဟာ ၁၉၂၈ ခုနှစ် နောက်ပိုင်း အမေရိကန် မှာ သဘာဝ ဘေး ကြောင့် လူ အများဆုံး သေဆုံး ခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ