ဘိုကိုဟာရမ်လို့ သံသယရှိရသူ ၁၀ ဦးကို ချာ့ဒ်အစိုးရ သေဒဏ်ချ

  • 28 ဩဂုတ် 2015
chad_sentences_10_boko_haram_fighters ဓာတ်ပုံ မူပိုင် AFP
Image caption အသေခံ ဗုံးခွဲ တိုက်ခိုက် မှု ၂ ခု နဲ့ ဆက်စပ်ပြီး အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့။

ချာ့ဒ် နိုင်ငံ မြို့တော် နီဂျာမေးနား က တရားရုံးတော် ကနေ ဘိုကိုဟာရမ် အဖွဲ့ဝင် တွေလို့ သံသယ ရှိရသူ ၁၀ ဦး ကို သေဒဏ်ချမှတ် လိုက် ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ က မြို့တော် မှာ ဖြစ်ပွားခဲ့တဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက် မှု ၂ ခု နဲ့ ဆက်စပ်ပြီး အကြမ်းဖက် ဝါဒ တိုက်ဖျက်ရေး ဆိုင်ရာ ပုဒ်မတွေ နဲ့ အဲဒီ့သူတွေ မှာ အပြစ်ရှိ ကြောင်း တွေ့ရတယ် ဆိုပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ၁၀ ဦး ဟာ ချာ့ဒ်၊ ကင်မရွန်း၊ မာလီ နဲ့ နိုင်ဂျီးရီးယား နိုင်ငံ တွေ က သူတွေ ဖြစ်တယ် လို့ သူတို့ ကို ဖမ်းဆီး တုန်းက အစိုးရ အမှုလိုက် ရှေ့နေချုပ် က ပြောခဲ့ပါတယ်။

ဇွန် နဲ့ ဇူလိုင် လတွေ တုန်း က မြို့တော် နီဂျာမေးနား မှာ အသေခံ ဗုံးခွဲ တိုက်ခိုက် မှု တွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ် ခဲ့လို့ လူပေါင်း ၄၀ ကျော် သေဆုံး ခဲ့ရပါတယ်။

၂၀၀၉ ခုနှစ် တုန်းကတည်း က စပြီး ဘိုကိုဟာရမ် တွေ ထကြွလာခဲ့တဲ့ နိုင်ဂျီးရီးယား နိုင်ငံ နယ်စပ် နဲ့ ဆိုရင် ချာ့ဒ် မြို့တော် နီဂျာမေးနား ဟာ ကီလိုမီတာ ၁၀၀ အောက် ပဲ ဝေး ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ