ရွှေ့ပြောင်းဝင်ရောက်သူတွေ အသက်ဆုံးရှုံးနေရလို့ စိုးရိမ်ကြောင်းအမေရိကန်ပြော

  • 28 ဩဂုတ် 2015
eu_migrants ဓာတ်ပုံ မူပိုင် AFP
Image caption နေကြတဲ့ လူမှောင်ခို သမား တွေ ကို ဥရောပ အနေနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ် သင့်တယ်။

ဥရောပတိုက် ထဲကို ရွှေ့ပြောင်း ဝင်ရောက် သူ တွေ သေဆုံး နေကြရတာ ကို တားဆီး နိုင်ဖို့ ဥရောပ ခေါင်းဆောင် တွေ ကို တိုက်တွန်း နေသံ တွေ ထဲမှာ အခု ဆို အမေရိကန် လည်း ပါဝင် လာပြီ ဖြစ်ပါတယ်။

ပင်လယ်ပြင်ထဲ ရေနစ်လို့ ဖြစ်စေ၊ လှေဝမ်းဗိုက် တွေ ထဲ နဲ့ လောရီကား နောက်ခန်း ထဲ မှာ မွန်းကြပ် လို့ ဖြစ်စေ အသက် ဆုံးရှုံးခဲ့ရတဲ့ ရွှေ့ပြောင်း ဝင်ရောက် သူ အရေ အတွက် ဟာ ပြီးခဲ့တဲ့ ၃ ရက် အတွင်း မှာ ကို ရာ ပေါင်းများစွာ ရှိခဲ့ ပါတယ်။

ရွှေ့ပြောင်းဝင်ရောက် သူတွေ အပေါ် အခွင့်ကောင်းယူ အမြတ်ထုတ် နေကြတဲ့ လူမှောင်ခို သမား တွေ ကို ဥရောပ အနေနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ် သင့်တယ် ဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရ ဂျော့ချ်အားနက်စ် က ဆိုပါတယ်။

အရှေ့အလယ်ပိုင်း ဒေသ မတည်ငြိမ်မှုဟာ ကမ္ဘာလုံး ဆိုင်ရာ ရိုက်ခတ်မှု ရှိတာ ကို အခု ဥရောပ မှာ ကြုံတွေ့ နေရတဲ့ ရွှေ့ပြောင်း ဝင်ရောက် သူ တွေ နဲ့ ပတ်သက်တဲ့ အကြပ်အတည်း က ပြသနေတယ် လို့လည်း မစ္စတာ အားနက်စ် က ပြောပါတယ်။

ဩစတြီးယား နိုင်ငံမှာ စွန့်ပစ်ထားတဲ့ လော်ရီကား နောက်ခန်းထဲ လူသေ အလောင်း ၇၀ တွေ့ခဲ့ရမှု နဲ့ ပတ်သက်ပြီး အခုဆို ဘူလ်ဂေးရီးယား လူမျိုး ၃ ဦး နဲ့ အာဖဂန် ၁ ဦး တို့ ကို စစ်မေး နေကြ ပါတယ်။

ဒီလို အဖြစ်ဆိုး မျိုး အပေါ် တုန့်ပြန် ဆောင်ရွက် ဖို့ရာ တုန်လှုပ်ရပါတယ်၊ ကိုယ်ချင်းစာပါတယ် စတာတွေ ပြောရုံ သက်သက် နဲ့ မလုံလောက် တော့ဘူး ဆိုပြီး ဩစတြီးယား ပြည်ထဲရေး ဝန်ကြီး Johanna Mikl-Leitner က ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ