သတင်းထောက်တွေကို ထောင်ချလို့ အီဂျစ်အဝေဖန်ခံနေရ

  • 29 ဩဂုတ် 2015
al_jazeera_ ဓာတ်ပုံ မူပိုင် Getty
Image caption အီဂျစ် နိုင်ငံတွင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့် ကန့်သတ် ခံနေရတဲ့ အခြေအနေ အပေါ် စိုးရိမ်မှု တွေ ရှိတယ်။

အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော် တရားရုံးကနေ အယ်လ်ဂျာဇီးရာ သတင်းဌာနရဲ့ ရုပ်သံ သတင်းထောက် ၃ ဦး အမှုကို ပြန်လည် ကြားနာခဲ့ပြီး တဲ့နောက် ထောင်ဒဏ် ၃ နှစ်စီ ချမှတ် လိုက်တဲ့ အပေါ် နိုင်ငံတကာ က ပြင်းပြင်း ထန်ထန် ပြစ်တင် ဝေဖန် နေကြပါတယ်။

မိုဟာမက်ဖာမီ၊ ပီတာဂရက်စ်တာ နဲ့ ဘဟားမိုဟာမက် တို့ ၃ ဦး တို့ဟာ သတင်းမှားတွေ ထုတ်လွှင့် မှု၊ ဆီလျော်ရာ ခွင့်ပြုမိန့် မတောင်းခံ ခဲ့မှု တွေ အတွက် အပြစ်ရှိတယ် ဆိုပြီး ဆုံးဖြတ် ခဲ့တာ ဖြစ် ပါတယ်။

ဒီအမှု စီရင်ချက် အပေါ် မှာ သာမက အီဂျစ် နိုင်ငံတွင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့် ကန့်သတ် ခံနေရတဲ့ အခြေအနေ အပေါ် စိုးရိမ်မှု တွေ ရှိတယ် လို့ ဗြိတိန်၊ ကနေဒါ၊ ဩစေတြေးလျ နိုင်ငံ တွေ နဲ့ အတူ ကုလသမဂ္ဂ က ဝေဖန် ခဲ့ပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်း မညီညွတ် အဓိပ္ပာယ် ကင်းမဲ့တယ် လို့ အယ်လ်ဂျာဇီးရာ သတင်းဌာန ကလည်း ရှုတ်ချ ခဲ့ပါတယ်။

မူလ ကြားနာ စီရင်မှုတုန်း ကဆိုရင် အဲဒီ့ သတင်းထောက် ၃ ယောက် ဟာ အီဂျစ် နိုင်ငံမှာ မတရားသင်း ကြေညာထားတဲ့ မွတ်ဆလင်မ် ညီနောင်များ အဖွဲ့ Muslim Brotherhood ကို ထောက်ပံ့ ကူညီနေသူ တွေ ဖြစ်တယ် လို့ အီဂျစ် အာဏာပိုင် တွေ က စွပ်စွဲ ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ