မလေးရှား ကမ်းလွန်မှာ စက်လှေတစီး နစ်မြုပ်

  • 3 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ခုချိန်အထိ ၁၄ ဦး သေဆုံးတယ်လို့ အတည်ပြုနိုင်ကြောင်း မလေးရှား ပြော။

မလေးရှား နိုင်ငံ အနောက်ဘက် ကမ်းလွန် ပင်လယ်ထဲမှာ လူ ၇၀ ကျော် တင်ဆောင်လာတဲ့ စက်လှေ တစ်စီး ဒီကနေ့ ကြာသပတေးနေ့ အစောပိုင်းက တိမ်းမှောက် နစ်မြုပ်ခဲ့တယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီ စက်လှေ နစ်မြုပ်ရာမှာ အမျိုးသမီး ၁၃ ယောက်နဲ့ အမျိုးသား တစ်ယောက် စုစုပေါင်း ၁၄ ယောက် သေဆုံးတယ်လို့ အတည်ပြုနိုင်ကြောင်း မလေးရှား ရေကြောင်း အရာရှိတွေက ပြောပါတယ်။ လူ ၁၅ ယောက်ကိုတော့ ကယ်ဆယ် နိုင်ခဲ့ပါတယ်။

စက်လှေပေါ် လိုက်ပါ လာသူတွေဟာ အင်ဒိုနီးရှား နိုင်ငံသားတွေ ဖြစ်တယ်လို့ ယုံကြည်ရကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။

အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေဖို့ လေယာဉ် တစ်စီးနဲ့ သင်္ဘောတွေ စေလွှတ် ထားတယ်လို့ မလေးရှား အရာရှိတွေက ပြောပါတယ်။

မလေးရှား နိုင်ငံထဲက စိုက်ခင်းတွေနဲ့ စက်ရုံတွေမှာ ထောင်နဲ့ချီတဲ့ အင်ဒိုနီးရှား နိုင်ငံသားတွေ တရားမဝင် အလုပ် လုပ်ကြပါတယ်။ သူတို့တွေ နေရပ် ပြန်ရာမှာ အန္တရာယ်များတဲ့ ရေလမ်းခရီးကို သုံးလေ့ ရှိကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ