ဘန်ကောက် နတ်ကွန်း ရုပ်တု ပြုပြင်မှု ပြီးစီး

  • 4 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption အထင်ရှားဆုံး အပျက်အစီး အနေနဲ့ မျက်နှာတစ်ခုရဲ့ မေးစေ့နေရာမှာ ပဲ့ထွက်ခဲ့။

ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်းမှာ ပြီးခဲ့တဲ့လ ဗုံးခွဲ တိုက်ခိုက် ခံရမှုကြောင့် အနည်းငယ် ပျက်စီးခဲ့တဲ့ ဟိန္ဒူ နတ်ဘုရား ရုပ်တုကို ပြန်လည် ပြုပြင်မှုတွေ ပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

နတ်ကွန်း အလယ်က မျက်နှာ လေးခု ပါတဲ့ ဟိန္ဒူ နတ်ဘုရား ဘရာဟ်မာ ရုပ်တုရဲ့ မျက်နှာ တစ်ခုမှာ အနည်းငယ် ပျက်စီးမှု အပါအဝင် နေရာ ၁၂ ခုမှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝဏ် နတ်ကွန်းဟာ ထိုင်း ဗုဒ္ဓဘာသာဝင်တွေ အလေးအမြတ် ထားကြတဲ့ နေရာဖြစ်သလို နိုင်ငံခြားသား ခရီးသည်တွေလည်း စိတ်ဝင်စားတဲ့ နေရာ ဖြစ်ပါတယ်။

ဘန်ကောက် ပန်းပုပညာရှင်တွေ ပြန်လည် ပြုပြင်ခဲ့ပြီးနောက် ရုပ်ထုကို သောကြာနေ့မှာ ဖွင့်လှစ်ခဲ့ရာမှာ ထိုင်း စစ်သားတွေ အပါအဝင် ဝတ်ပြုသူတွေ တက်ရောက် ခဲ့ကြပါတယ်။

ဗုံးခွဲ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ခုချိန်အထိ နိုင်ငံခြားသား နှစ်ဦးကို ဖမ်းဆီးခဲ့ပြီး၊ တခြား မသင်္ကာသူတွေကို ဖမ်းဆီးဖို့ ဝရမ်း တချို့ကိုလည်း ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ