ပါလ်မိုင်ယာ မြို့ဟောင်းက မျှော်စင် ၃ ခု ဖျက်ဆီးခံရ

  • 4 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မျှော်စင်ပုံ ရှေးဟောင်း သင်္ချိုင်းဂူ ၃ ခုကို IS အဖွဲ့က ဖြိုချ ဖျက်ဆီးခဲ့

ဆီးရီးယား နိုင်ငံမှာ ကမ္ဘာကျော် ပါလ်မိုင်ယာ မြို့ဟောင်းမှာ ရှိတဲ့ သမိုင်းဝင် အကြွင်းအကျန် တချို့ကို IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့က ဖျက်ဆီးမှုတွေ ထပ်မံ ပြုလုပ် ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ကျောက်တုံးတွေနဲ့ မျှော်စင်ပုံ တည်ဆောက် ထားတဲ့ ရှေးဟောင်း သင်္ချိုင်းဂူ ၃ ခုကို IS အဖွဲ့က ဖြိုချ ဖျက်ဆီးခဲ့တယ်လို့ ဆီးရီးယား အစိုးရ ရှေးဟောင်း ယဉ်ကျေးမှု ဌာနက ပြောပါတယ်။

ပါလ်မိုင်ယာ မြို့ဟောင်းရဲ့ အရေးအပါဆုံး ဘုရားကျောင်း တစ်ခုကို IS အဖွဲ့က ဖျက်ဆီးခဲ့ပြီး ရက်ပိုင်း အတွင်းမှာ အခု သတင်း ထပ်မံ ထွက်ပေါ် လာတာပါ။

အစ္စလာမ္မစ် ဝါဒ မပေါ်မီကတည်းက ရှိခဲ့တဲ့ ဂူသင်္ချိုင်းတွေနဲ့ ဝတ်ပြုရာ နေရာတွေကို ဘာသာရေးအရ စော်ကားတဲ့ နေရာတွေ အဖြစ် IS စစ်သွေးကြွတွေက သဘောထားလေ့ ရှိကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ