တရုတ်ပေါက်ကွဲမှုနေရာ အထိမ်းအမှတ်ပန်းခြံလုပ်

  • 5 စက်တင်ဘာ 2015
China Explosion ဓာတ်ပုံ မူပိုင် AP
Image caption ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံး

တရုတ်နိုင်ငံ တီယန်ကျန်းမှာ ပြီးခဲ့တဲ့လက သိုလှောင်ရုံပေါက်ကွဲမှုကြီး ဖြစ်ခဲ့တဲ့နေရာမှာ အထိန်းအမှတ်ပန်းခြံနဲ့ ကျောက်တိုင် တည်ဆောက်မယ်လို့ တရုတ်အစိုးရက ပြောပါတယ်။

သိုလှောင်ရုံထဲက တန်ချိန်ရာနဲ့ချီတဲ့ ဓာတုပစ္စည်းတွေ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၆၀ သေဆုံးခဲ့ပါတယ်။

အဲဒီနေရာမှာ မူလတန်းကျောင်းနဲ့ မူကြိကျောင်းတွေလည်း တည်ဆောက်သွားဖို့ ရှိပါတယ်။

ဒီသိုလှောင်ရုံကို ပိုင်ဆိုင်တဲ့ အဖွဲ့အစည်းနဲ့ ဒေသအာဏာပိုင်တွေကိုလည်း ဖမ်းဆီးထားပါတယ်။