ရွှေ့ပြောင်းဒုက္ခသည်တွေ သြစတြီးယားရောက်

  • 5 စက်တင်ဘာ 2015
Migrants Austria ဓာတ်ပုံ မူပိုင် AP
Image caption လမ်းလျှောက်ပြီး ထွက်လာတဲ့ ဒုက္ခသည်များ

ဟန်ဂေရီမှာ သောင်တင်နေခဲ့တဲ့ ဆီးရီးယားနဲ့ ဒေသတွင်းနိုင်ငံတွေက ရွေ့ပြောင်းလာသူတွေဟာ သြစတြီးယားနိုင်ငံတွင်းကို ရောက်ရှိလာပြီး ဒုက္ခသည် တစ်သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

အာဏာပိုင်တွေက ဒုက္ခသည်တွေကို မြို့တော် ဗီယက်နာကို ရထားနဲ့ ခေါ်ဆောင်နေပြီ ဖြစ်ပါတယ်။

ဟန်ဂေရီအစိုးရကလည်း သောကြာနေ့ညက ထောင်နဲ့ချီတဲ့ အဲဒီဒုက္ခသည်တွေကို သြစတြီးယားနယ်စပ်ထိ ဘတ်စ်ကားတွေနဲ့ လိုက်ပို့ခဲ့ပြီး သြစတြီးယား ကယ်ဆယ်ရေးလုပ်သားတွေက ကူညီကြိုဆိုခဲ့ကြပါတယ်။

ဟန်ဂေရီဘက်ကတော့ ဒုက္ခသည်တွေကို နောက်ထပ် ဘတ်စ်ကားတွေ၊ ရထားတွေနဲ့ လိုက်ပို့မှာ မဟုတ်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် နောက်ထပ် ဒုက္ခသည်တွေလည်း ရာနဲ့ချီပြီး သြစတြီးယား နယ်စပ်ကို လမ်းလျောက် ထွက်ခွာနေကြပါတယ်။

ဒုက္ခသည်အများစုဟာ ဆီးရီးယားစစ်ကနေ ထွက်ပြေးလာကြသူတွေ ဖြစ်ပါတယ်။

ဂျာမနီဘက်ကလည်း ထွက်လာတဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ ဒါကြောင့် ရာနဲ့ချီတဲ့ နောက်ထပ် ဒုက္ခသည်တွေလည်း ဂျာမနီတောင်ပိုင်းကို ရောက်လာနေကြပါတယ်။