ဆီးရီးယား IS တွေကို လေကြောင်းတိုက်ဖို့ ပြင်သစ် ပြင်ဆင်

  • 7 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား သမ္မတ အာဆတ် မပါဝင်တဲ့ နိုင်ငံရေး ဖြေရှင်းချက်ကို ရှာတွေ့ဖို့ အရေးကြီးတယ်လို့ ပြင်သစ် သမ္မတက ပြော။

ဆီးရီးယားမှာ ရှိတဲ့ IS အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ကို ပြင်သစ်နိုင်ငံက လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဖို့ အတွက် ပြင်ဆင်မှုတွေ စတင် ဆောင်ရွက်ဖို့ သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က အမိန့်ပေး လိုက်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေ လုပ်နိုင်ဖို့ အင်္ဂါနေ့က စတင်ပြီး ကင်းထောက် ပျံသန်းမှုတွေ လုပ်ဆောင် သွားမယ်လို့ ပြင်သစ် သမ္မတ က ပြောပါတယ်။

ဒါပေမယ့် မြေပြင် တပ်ဖွဲ့တွေကိုတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံအတွင်းက စစ်ပွဲတွေကြောင့် လူပေါင်း နှစ်သိန်း နှစ်သောင်းကျော် သေဆုံး ခဲ့ရပြီး ၉ သန်းကျော် နေရပ်စွန့်ခွာ ပြောင်းရွှေ့ ခဲ့ရပါတယ်။

ပြင်သစ် အပါအဝင် နိုင်ငံ အတော်များများမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆီးရီးယား နိုင်ငံတွင်းကနေ စီမံခဲ့တာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတက သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ