ရွှေ့ပြောင်းသူတွေကြောင့် ဂျာမနီကို ပြောင်းလဲသွားစေမယ်

  • 7 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption မြူးနစ် မြို့ကို ရောက်လာတဲ့ ရွှေ့ပြောင်းသူ အရေအတွက်က အံ့သြဖွယ် ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြော။

ရွှေ့ပြောင်း ဝင်ရောက်သူတွေ အံ့အားသင့်ဖွယ် အရေအတွက်နဲ့ ဝင်ရောက် လာမှုဟာ လာမယ့်နှစ် အနည်းငယ်အတွင်း ဂျာမနီ နိုင်ငံကို ပြောင်းလဲသွား စေလိမ့်မယ်လို့ ဂျာမန် ဝန်ကြီးချုပ် အန်ဂျလာ မာ့ကဲလ်က ပြောလိုက်ပါတယ်။

ရွှေ့ပြောင်းသူတွေကို ခိုလှုံခွင့် ပေးဖို့အတွက် အရှိန်မြှင့် ဆောင်ရွက်မှာ ဖြစ်ပြီး နေစရာ အိမ်ရာ အသစ်တွေလည်း ဆောက်လုပ်မှာ ဖြစ်တယ်လို့ သူမက ပြောလိုက်ပါတယ်။ ဒါပေမယ့် တခြား အီးယူ နိုင်ငံတွေကလည်း ဝိုင်းဝန်း ကူညီကြဖို့ သူမက တောင်းဆို လိုက်ပါတယ်။

အီးယူ နိုင်ငံ အားလုံး အနေနဲ့ ရွှေ့ပြောင်း ဝင်ရောက်သူ တစ်သိန်း နှစ်ထောင်ကို နေရာချ ထားပေးဖို့ အတွက် အစီအစဉ်တွေ ရေးဆွဲနေပြီး ပြင်သစ် နိုင်ငံကတော့ ရွှေ့ပြောင်းသူ နှစ်သောင်း လေးထောင်ကို လက်ခံမှာ ဖြစ်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။

တချိန်တည်းမှာပဲ ဥရောပကို စီးဝင် လာနေတဲ့ ရွေ့ပြောင်း ဝင်ရောက်သူ အရေအတွက်ဟာလည်း လျော့နည်း သွားတဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး။

ဒီကနေ့ တနင်္လာနေ့မှာလည်း ဟန်ဂေရီ နိုင်ငံထဲကို တောင်ဘက် ဆားဘီးယား ဘက်ကနေ ရွှေ့ပြောင်း ဝင်ရောက်သူ အများအပြား ဖြတ်ကျော် ဝင်ရောက် ခဲ့တယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ