ရွှေ့ပြောင်းသူတွေကို ဂျာမနီ ပိုမို လက်ခံနိုင်ဟုဆို

  • 8 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ရွှေ့ပြောင်းသူတွေနဲ့ ပတ်သက်ပြီး အီးယူ နိုင်ငံတွေ အကြား ကိုင်တွယ်ပုံ ကွဲပြားနေ။

ဂျာမနီ နိုင်ငံ အနေနဲ့ ခိုလှုံခွင့် လျှောက်ထားသူ အရေအတွက် တစ်နှစ်ကို အနည်းဆုံး ၅ သိန်း နှုန်းနဲ့ နှစ်အနည်းငယ်ကြာ အထိ လက်ခံ သွားနိုင်တယ်လို့ ဂျာမနီ ဒုတိယ ဝန်ကြီးချုပ် ဆစ်ဂ်မာ ဂါဘရီယယ် က ပြောလိုက် ပါတယ်။

ဂျာမနီမှာ ခိုလှုံခွင့် ပေးမယ့် အရေအတွက်ဟာ အခု ၂၀၁၅ တစ်နှစ်တည်းမှာတင် ၈ သိန်း ကျော်လိမ့်မယ်လို့ မျှော်လင့်ရပြီး ဒီအရေအတွက်ဟာ ၂၀၁၄ ကထက် ၄ ဆ ပိုများလာတာ ဖြစ်ပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တခြား အီးယူ နိုင်ငံတွေကလည်း မျှဝေ လက်ခံကြဖို့ မစ္စတာ ဂါဘရီယယ်က ထပ်လောင်း ပြောကြား ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ အေဂျင်စီ ကတော့ မနေ့က တနင်္လာနေ့ တစ်ရက်တည်းမှာတင် ဆီးရီးယား ဒုက္ခသည် ၇ ထောင် လောက် မက်ဆီဒိုးနီးယား နိုင်ငံကို ရောက်လာခဲ့ကြောင်း၊ ဂရိ ကျွန်းတွေပေါ်မှာတော့ ဒုက္ခသည် ၃ သောင်းလောက် ရှိကြောင်း ပြောပါတယ်။

ရွှေ့ပြောင်း ဝင်ရောက်သူတွေ အရှိန်အဟုန်နဲ့ ဝင်ရောက်လာမှု အပေါ် အီးယူ နိုင်ငံတွေရဲ့ အစိုးရတွေက မတူညီတဲ့ တုံ့ပြန်ချက်တွေ ပေးခဲ့ကြရာမှာ ဟန်ဂေရီ နိုင်ငံရဲ့ ကွန်ဆာဗေးတစ် အစိုးရကတော့ ရွှေ့ပြောင်းသူတွေ မဝင်နိုင်အောင် သူ့ရဲ့ နယ်နိမိတ်မှာ စည်းရိုးတွေ တည်ဆောက်နေပြီး၊ ဂျာမနီက နိုင်ငံရေး သမားတွေကတော့ ရွှေ့ပြောင်းလာသူတွေကို ကြိုဆိုခဲ့ကြတဲ့ ပရိသတ်ကို ဂုဏ်ပြု ပြောဆို ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ