အီရတ် ကာဒစ်ရှ် သူပုန်တွေကို တူရကီ ဗုံးကြဲ

  • 8 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption အက်ဖ် ၁၆ နဲ့ အက်ဖ် ၄ တိုက်လေယာဉ်တွေက အီရတ် မြောက်ပိုင်းက ပီကေကေ သူပုန် စခန်းတွေကို တိုက်ခိုက် ခဲ့တယ်လို့ဆို။

တူရကီ အရှေ့ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက် ခံခဲ့ရပြီးနောက် တူရကီ တိုက်လေယာဉ်တွေက အီရတ် မြောက်ပိုင်းမှာ ရှိတဲ့ ကာဒစ်ရှ် ပီကေကေ သူပုန် စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။

ကာဒစ်ရှ် သူပုန်တွေရဲ့ ခြေကုပ် စခန်းတွေကို ရှင်းပစ်မယ်လို့ တူရကီ ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး နာရီပိုင်း အကြာမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှုတွေမှာ ဒါဇင်နဲ့ချီတဲ့ ဂျက် တိုက်လေယာဉ်တွေ ပါဝင် ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကာဒစ်ရှ် ပီကေကေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုကြောင့် တူရကီ တပ်သား အနည်းဆုံး ၁၆ ဦး သေဆုံးခဲ့တယ်လို့ တူရကီ စစ်တပ်က ပြောပါတယ်။

ဒီကနေ့ အင်္ဂါနေ့မှာလည်း တူရကီ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ဘတ်စ်ကား တစ်စီး တိုက်ခိုက် ခံရလို့ ၁၂ ဦး သေဆုံး သွားပါတယ်။

ပီကေကေလို့ ခေါ်တဲ့ ကာဒစ်ရှ် အလုပ်သမား ပါတီ သူပုန်တွေနဲ့ တူရကီ စစ်တပ်တို့ အကြား အပစ်ရပ် သဘောတူညီချက်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ပျက်ပြား ခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုတွေ ဆက်တိုက် ထွက်ပေါ် လာတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ