အဲလိဇဘက် ဘုရင်မကြီး နန်းသက် အရှည်ဆုံး ဖြစ်လာ

  • 9 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ပြည်တွင်း ပြည်ပက ဆုမွန်ကောင်း တောင်းပေးကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ဘုရင်မကြီး မိန့်။

ယူကေ နိုင်ငံမှာ အဲလိဇဘက် ဘုရင်မကြီးဟာ ဗြိတိသျှ ထီးနန်း တလျှောက် နန်းသက် အရှည်ဆုံး ဘုရင်မ ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပွဲတွေ ကျင်းပနေပါတယ်။

အရင်က နန်းသက် အရှည်ဆုံး စံချိန်တင်ထားတဲ့ ဝိတိုရိယ ဘုရင်မကြီးရဲ့ နန်းသက် ၆၃ နှစ်၊ ၇ လနဲ့ ၂ ရက် စံချိန်ကို ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာ အဲလိဇဘက် ဘုရင်မကြီးက ကျော်ဖြတ်မှာ ဖြစ်ပါတယ်။

ဘုရင်မကြီးက စကော့တလန်မှာ ရောက်ရှိ နေပြီး ရထားလမ်းသစ် တစ်ခုကို ဖွင့်လှစ် ပေးခဲ့ရာမှာ ဂုဏ်ပြုသူတွေက တပျော်တပါး ကြိုဆို ခဲ့ကြပါတယ်။

ယူကေ ပါလီမန်မှာတော့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ဘုရင်မကြီးဟာ ကောင်းမြတ် တည်ငြိမ်တဲ့ ဂုဏ်ကျက်သရေနဲ့ နိုင်ငံကို ဦးဆောင် ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လန်ဒန်မြို့က သိမ်းမြစ်ထဲမှာ အဆောင်အယောင် သင်္ဘောတွေနဲ့ ဂုဏ်ပြုပွဲ ပြုလုပ်ခဲ့ရာမှာ Tower Bridge ခေါ် မျှော်စင်တံတား ကိုလည်း ပင့်မြှောက် ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ