ဂျပန် ရေကြီးမှု လူ ၉သောင်းကျော် ရွှေ့ပြောင်းရ

  • 10 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption လူတွေကို အိမ်ခေါင်မိုးတွေ ပေါ်ကနေ ရဟတ်ယာဉ်နဲ့ ဆွဲယူ ကယ်တင်နေရ။

ဂျပန် နိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရေကြီးမှု၊ မြေပြိုမှု တွေကြောင့် လူပေါင်း ၉ သောင်း ကျော် နေအိမ်တွေ စွန့်ခွာ ခဲ့ကြရပါတယ်။

တိုကျိုမြို့ မြောက်ဘက်က ဂျိုဆို မြို့မှာတော့ ကီနူဂါဝါ မြစ်ကမ်း ကျိုးပေါက်ခဲ့တဲ့ အတွက် ရေတွေ ဒလဟော မြို့ထဲ ဝင်ရောက် ခဲ့ရာမှာ လူတွေကို သူတို့ရဲ့ နေအိမ် ခေါင်မိုးတွေ ပေါ်ကနေ ရဟတ်ယာဉ် တွေနဲ့ ဆွဲယူ ကယ်တင် နေရပါတယ်။ အဲဒီ ဒေသမှာ လူတစ်ယောက် ပျောက်ဆုံး နေပြီး ၁၂ ယောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တစ်နာရီ ၇၈ မိုင်နှုန်း အထိ တိုက်ခတ်ခဲ့တဲ့ အပူပိုင်း မုန်တိုင်း တစ်ခု ဂျပန် အလယ်ပိုင်း အီချီ ခရိုင်ကို ဝင်ရောက်ခဲ့ပြီး နောက်တစ်ရက်မှာ အခုလို မိုးများပြီး ရေကြီးခဲ့တာပါ။

ဂျပန် မိုးလေဝသ ခန့်မှန်းသူ အကြီးအကဲ ကတော့ အဲဒီ ဒေသတွေမှာ မိုးရေချိန် များတာဟာ မမျှော်လင့်တဲ့ ကိစ္စ ဖြစ်ပြီး ပုံမှန် မဟုတ်တဲ့ အခြေအနေနဲ့ ရင်ဆိုင် နေရတာကြောင့် ကြုံတွေ့ရမယ့် အန္တရယ်တွေ ရှိနေတယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ