အဆိုတော် အယ်တန်ဂျွန် က ရုရှသမ္မတ ပူတင် နဲ့ ဆွေးနွေးလို

  • 13 စက်တင်ဘာ 2015
sir elton john ဓာတ်ပုံ မူပိုင် AP
Image caption ပူတင်နဲ့ ဆွေးနွေးချင်တဲ့ ဆာ အယ်တန် ဂျွန်

အဆိုတော် အယ်တန်ဂျွန် က သူ ရုရှသမ္မတ ပူတင်နဲ့တွေ့ပြီး လိင်တူ ချစ်သူများရဲ့ အခွင့်အရေး အကြောင်း ဆွေးနွေး ချင်တယ် လို့ ပြောပါတယ်။

ဆာ အယ်တန်ဂျွန် က ရုရှ အစိုးရ ရဲ့ လိင်တူချစ်သူတွေ အပေါ်ထားတဲ့ သဘောထားက အာဃာတ သာဖြစ်ပြီး ကြောင်းကျိုးဆီလျော်မှု မရှိဘူး လို့ ပြောပါတယ်။

ရုရှ ဟာ သူတို့အခေါ် လိင်တူချစ်သူ ဝါဒ ဖြန့်တာတွေ ကို ပိတ်ပင် ထားပါတယ်။

လှုပ်ရှားတက်ကြွသူတွေ ကတော့ ရုရှမှာ လိင်တူ ချစ်သူတွေ ကို ခွဲခြား ဆက်ဆံတာ၊ အကြမ်းဖက်တာတွေ တိုးပွား လာနေတယ်လို့ ပြောပါတယ်။

ကိုယ်တိုင်လည်း လိင်တူချစ်သူ တယောက်ဖြစ်တဲ့ ဆာ အယ်တန်ဂျွန် က သူ အစွမ်းရှိသလောက် အဲဒါ ကို ပြောင်းလဲအောင် လုပ်သွားမယ် လို့ ဘီဘီစီ ကို ပြောပါတယ်။