မြူးနစ်မှာ ဒုက္ခသည်တွေ နေရာချထားရေး အခက်အခဲကြုံနိုင်

  • 13 စက်တင်ဘာ 2015
germany refugee ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမဏီထဲဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ

ဂျာမဏီ တောင်ပိုင်းမြို့ မြူးနစ် မှာ ဒုက္ခသည်တွေ နဲ့ ရွှေ့ပြောင်း ဝင်ရောက် လာတဲ့သူတွေကို လက်ခံ နေရာချထားရေး နဲ့ ပတ်သက်ပြီး ပြဿနာတွေ ကြုံရလိမ့်မယ်လို့ အဲဒီမြို့က အာဏာပိုင်အရာရှိတွေ က ပြောပါတယ်။

စနေနေ့ တနေ့တည်း တင် လူပေါင်း တသောင်း သုံးထောင်ကျော် ဝင်ရောက်လာခဲ့ပြီး အရင် အိုလံပစ် ကစားရုံတွေမှာ နေရာချထားပေးနေတယ်၊ ပေးစရာ နေရာတွေ ကျပ်လာပြီလို့ မြူးနစ် မြို့ပိုင် ဒိုင်ရက်တာ ရက်တာ က ပြောပါတယ်။

ဖြစ်နေတဲ့ ပြဿနာ အခက်အခဲတွေ ကို တခြား ဂျာမဏီ နယ်တွေ ကလည်း ဝေမျှယူဖို့ မလုပ်ဆောင် ကြဘူး လို့လည်း သူက ဝေဘန် လိုက်ပါတယ်။

သြစတြီးယားနဲ့ ဟန်ဂေရီ နိုင်ငံတွေ ကတဆင့် ဂျာမဏီတောင်ပိုင်း ကို ဒုက္ခသည်တွေ ရွှေ့ပြောင်းဝင်လာသူတွေ ရောက်လာကြတာပါ။

ဟန်ဂေရီ ကလည်း သူတို့အနေနဲ့ ဆားဗီးယား နယ်စပ် ကို ရက်ပိုင်းအတွင်း ပိတ်ပစ်တော့မှာ ဖြစ်ပြီး သူတို့အဆို အဲဒီ တရားမဝင် ဝင်ရောက်လာတဲ့သူတွေ ကို ဖမ်းဆီးတာတွေ စတော့မယ် လို့ ကြေညာ လိုက်ပါတယ်။