သြစတြေလျ ဝန်ကြီးချုပ် ရာထူးက ပြုတ်ကျ

  • 14 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption တိုနီအက်ဘော့ကို အနိုင်ရပြီး မာလ်ကွမ် တန်းဘူလ် (ယာ)က ဝန်ကြီးချုပ်သစ် ဖြစ်လာ

သြစတြေလျ ဝန်ကြီးချုပ် တိုနီအက်ဘော့ဟာ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင် အဖြစ်ကနေ ဖြုတ်ချ ခံလိုက်ရ ပါတယ်။

သူ့ကို စိန်ခေါ်တဲ့ Malcolm Turnbull နဲ့ ဘယ်သူ့ကို ထောက်ခံမှု ပိုများလဲ ဆိုတာ မဲခွဲရာမှာ ရှုံးနိမ့် သွားခဲ့တာ ဖြစ်ပါတယ်။

မဲရလဒ် ၅၄၊ ၄၄ နဲ့ သူ ရှုံးနိမ့် သွားခဲ့ပြီးတဲ့နောက် Malcolm Turnbull ဟာ ဝန်ကြီးချုပ်သစ် ဖြစ်လာပါတယ်။

သူ့ကို မစ္စတာ Turnbull က ယှဉ်ပြိုင်မယ် ဆိုပြီး တနင်္လာနေ့မှာ စိန်ခေါ် ခဲ့တဲ့အတွက် တိုနီ အက်ဘော့က သူ့ပါတီက ပါလီမန်အမတ်တွေရဲ့ သဘောထားကို မဲခွဲ ဆုံးဖြတ်မယ် ဆိုပြီး ကြေညာ ခဲ့တာ ဖြစ်ပါတယ်။