ရွှေ့ပြောင်းသူတွေကို ခရိုအေးရှား ဖြတ်သန်းခွင့်ပေးမယ်

  • 16 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူတွေ ခရိုအေးရှား နိုင်ငံထဲကို ဖြတ်သန်းလာနေ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို ဟန်ဂေရီ နိုင်ငံက ဆားဗီးယားနဲ့ နယ်စပ်မှာ ပိတ်ဆို့ ထားခဲ့ပြီး နောက်တစ်ရက်မှာပဲ ခရိုအေးရှား နိုင်ငံက သူ့နယ်မြေကို အဲဒီ ရွှေ့ပြောင်းသူတွေ ဥရောပ မြောက်ပိုင်းကို သွားရောက်ဖို့ အတွက် ဖြတ်သန်းခွင့် ပေးမယ်လို့ ပြောလိုက်ပါတယ်။

အခုအခါ ရွှေ့ပြောင်းသူ ၁၅၀ လောက်ဟာ ဆားဗီးယား ဘက်ကနေ ခရိုအေးရှားဘက်ကို ဖြတ်ကျော် ဝင်ရောက် လာပါပြီ။ ဆားဗီးယားနဲ့ ဟန်ဂေရီ နယ်စပ်မှာ ပိတ်မိနေတဲ့ ရွှေ့ပြောင်းသူတွေဟာလည်း ခရိုအေးရှားဘက်ကို ထွက်လာ နေကြပါတယ်။

ခရိုအေးရှားကတော့ အဲဒီ ရွှေ့ပြောင်းသူတွေကို လက်ခံဖို့၊ ဒါမှမဟုတ် သွားလိုရာကို ဖြတ်သန်းခွင့် ပေးဖို့ အသင့်ပဲလို့ ပြောပါတယ်။

ဆီးရီးယား ဒုက္ခသည် အများစု ပါဝင်တဲ့ ရွှေ့ပြောင်း ဝင်ရောက်သူတွေဟာ အများစုက ဂျာမနီကို သွားရောက်ဖို့ ရည်ရွယ် ထားကြတာပါ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေကို တားဆီးဖို့ နယ်နိမိတ် ထိန်းချုပ်မှုတွေ၊ ဒုက္ခသည်တွေ နေရာချထားရာမှာ ကိုင်တွယ်ပုံတွေက ဒီပြဿနာနဲ့ ပတ်သက်ပြီး အီးယူ အဖွဲ့ဝင် နိုင်ငံတွေအကြား ခါးသီးတဲ့ ကွဲလွဲချက်တွေကို ဖော်ပြ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ