ရွှေ့ပြောင်းသူတွေ ခရိုအေးရှား ရဲတွေကို တိုးဝင်ကျော်ဖြတ်

  • 17 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ခရိုအေးရှား ရဲတွေ တားဆီးထားတာကို ရွှေ့ပြောင်းသူတွေက ရင်ဆိုင် တိုးဝှေ့ခဲ့ကြ။

ဆားဗီးယား ဘက်ကနေ ခရိုအေးရှား နိုင်ငံအတွင်း ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းသူတွေဟာ တိုဗားနစ်မြို့ အနီးမှာ ခရိုအေးရှား ရဲတွေ တားထားတဲ့ စည်းကို ကျော်ဖြတ် တိုးဝင် ခဲ့ကြပါတယ်။

ဟန်ဂေရီက ဗုဒ္ဓဟူးနေ့ မနက်မှာ ဆားဗီးယားနဲ့ နယ်စပ်ကို ပိတ်လိုက်ပြီးနောက် ခရိုအေးရှား ဘက်ကို ဖြတ်ဝင်လာတဲ့ ရွှေ့ပြောင်းသူပေါင်း ၆ ထောင်ကျော် ရှိခဲ့တဲ့အတွက် ခရိုအေးရှား အနေနဲ့ မနိုင်မနင်း ဖြစ်နေခဲ့တာပါ။

ရွှေ့ပြောင်းသူတွေ အနေနဲ့ ခရိုအေးရှားမှာ ခိုလှုံခွင့် လျှောက်ထားရမှာ ဖြစ်ပြီး၊ ဒီလိုမှ မဟုတ်ရင် တရားမဝင် ဝင်ရောက်သူတွေ အဖြစ် မှတ်ယူမှာ ဖြစ်တယ်လို့ ခရိုအေးရှား အရာရှိတွေက ပြောပါတယ်။

အစောပိုင်းက ခရိုအေးရှား ဝန်ကြီးချုပ် Zoran Milanovic က ရွှေ့ပြောင်း ဝင်လာသူတွေကို ကြိုဆိုပေမယ့် သူတို့ကို ပံ့ပိုးဖို့ ဝန်နဲ့အား မမျှမတ ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

ရွှေ့ပြောင်းသူ ပြဿနာကို ဖြေရှင်းဖို့ အီးယူ ခေါင်းဆောင်တွေ လာမယ့် သီတင်းပတ်ထဲမှာ အရေးပေါ် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ