ပုပ်ရဟန်းမင်းကြီး ကျူးဘားကို ရောက်လာပြီ

  • 20 စက်တင်ဘာ 2015
cuba_pope
Image caption ကျူးဘား နဲ့ အမေရိကန် ၂ နိုင်ငံကြား သံတမန် ဆက်ဆံရေး ပြန်လည် ထူထောင် နိုင်မှု မှာ ပုပ်ရဟန်း မင်းကြီး က ဝင်ရောက် ကူညီ ခဲ့။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဟာ ကွန်မြူနစ် နိုင်ငံ ကျူးဘားကို ပထမဆုံး အကြိမ် ရောက်ရှိ လာပြီ ဖြစ်ပါတယ်။

မြို့တော် ဟာဗာနား ရဲ့ နိုင်ငံတကာ လေဆိပ်မှာ ကက်သလစ် ဘာသာဝင် လူအုပ်ကြီး ဟာ ကျူးဘား အလံ တွေ ကို ဝှေ့ရမ်းရင်း ပုပ်ရဟန်းမင်းကြီး ကို ကြိုဆို ခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး လေယာဉ်ပေါ် က ဆင်းဆင်းချင်းမှာပဲ ကျူးဘား ခေါင်းဆောင် ရာအူးလ် ကပ်စ်ထရို က ဆီးကြို နှုတ်ဆက် ခဲ့ပါတယ်။

လတ်တလော တိုးတက် ဖြစ်ထွန်း လာနေတဲ့ တဲ့ အတွက် ကျေးဇူး တင်ပါကြောင်း ရာအူးလ် ကပ်စ်ထရို က ပြောခဲ့ပါတယ်။

ပုပ် ဖရန်စ် ကလည်း ကျူးဘား နဲ့ အမေရိကန် ၂ နိုင်ငံ ဆက်ဆံရေး ပုံမှန် အခြေအနေ ပြန်လည် ရောက်ရှိ နိုင်အောင် ဆက်လက် လုပ်ဆောင် ကြဖို့ တိုက်တွန်း ခဲ့ သလို၊ ရင်ကြားစေ့ နိုင်တဲ့ နမူနာကောင်းကို ကမ္ဘာကြီးကို ပြသပါ ဆိုပြီးတော့လည်း ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ