ဟန်ဂေရီထဲ ဝင်ရောက်သူတွေကို ကိုင်တွယ်ခွင့် စစ်တပ်ကိုပေး

  • 21 စက်တင်ဘာ 2015
hungary ဓာတ်ပုံ မူပိုင်
Image caption ဒုက္ခသည် တွေ အဆက်အဆံ ခံရပုံ တွေ အပေါ် အလွန်မတန်မှ စိုးရိမ် တယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ပြော။

ရွှေ့ပြောင်း ဝင်ရောက်သူ တွေ အရေး နဲ့ ပတ်သက်ပြီး နိုင်နိုင် နင်းနင်း ကိုင်တွယ် ဖို့ ရာ တခြား ဥရောပ နိုင်ငံတွေ အခက်အခဲ ဖြစ်နေချိန် မှာပဲ၊ ဟန်ဂေရီ နိုင်ငံ ပါလီမန် ကတော့ သူတို့ နိုင်ငံထဲ ဝင်ရောက်ဖို့ ကြိုးစားသူ တွေ အပေါ် အသက် မသေဆုံး စေမယ့် အင်အားမျိုးသုံး တားဆီး နိုင်တယ် ဆိုပြီး ဟန်ဂေရီ စစ်တပ်ကို လုပ်ပိုင်ခွင့် ပေးလိုက်ပါတယ်။

တိုင်းပြည် အနေနဲ့ အင်မတန် ကြမ်းကြုတ်တဲ့ အန္တရာယ်မျိုး ကျရောက် နေလို့ အခုလို ဆုံးဖြတ် လာရတဲ့ အခြေအနေ မျိုး ရောက်လာ ခဲ့ရတာ ဖြစ်တယ်လို့ ဟန်ဂေရီ ဝန်ကြီးချုပ် လက်ျာ နိုင်ငံရေး ဝါဒီ ဗစ်တာ အိုဘန် က ဆိုပါတယ်။

ဟန်ဂေရီ ဟာ သူတို့ရဲ့ နယ်ခြား ဒေသတွေမှာလည်း ခြံစည်းရိုး အကာအရံ တွေ တည်ဆောက် နေပါတယ်။

စစ်အေးခေတ်တုန်းက ဆိုဗီယက် အုပ်စု နိုင်ငံတွေ က အနောက် ကမ္ဘာနဲ့ အဆက်ဖြတ် နေခဲ့ ကြတာကို သံကန့်လန့်ကာ နောက်ကွယ် မှာ နေတယ် ဆိုပြီး ရည် ညွှန်း ပြောခဲ့ ကြသလို အခု အချိန်မှာလည်း ဥရောပ တလွှားမှာ ခေတ်သစ် သံကန့်လန့်ကာ ပုံစံမျိုး ကျရောက် နေပြီ လို့ ဟန်ဂေရီ က နယ်ခြားမှာ သံဆူးကြိုး တံတိုင်း ထားတာ ခံရတဲ့ ဆားဘီယား နိုင်ငံက ပြောလိုက် ပါတယ်။

ဥရောပတိုက်ထဲမှာ ရွှေ့ပြောင်းသူတွေ နဲ့ ဒုက္ခသည် တွေ ကြုံတွေ့နေရတဲ့ အဆက်အဆံ ခံရပုံ တွေ အပေါ် အလွန်မတန်မှ စိုးရိမ် တယ် ဆိုပြီး ကုလသမဂ္ဂ ရဲ့ အတွင်းရေးမှုးချုပ် ဘဲန်ကီမွန်း က ပြောလိုက်ပြီး ဝင်ရောက် လာနေသူ တွေ အပေါ် စာနာ သနားမှု ရှေ့ထားပြီး ကူညီကြဖို့ ဥရောပ ခေါင်းဆောင် တွေကို တိုက်တွန်း ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ