ရွှေ့ပြောင်းသူတွေ အီးယူနယ်စည်းကို ခြိမ်းခြောက်နေ

  • 21 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption တနင်္လာနေ့မှာ ရွှေ့ပြောင်းသူ ထောင်နဲ့ချီပြီး သြစတြီးယား နိုင်ငံကို ထပ်ရောက်လာဖို့ ရှိနေ။

ရွှေ့ပြောင်း ဝင်ရောက်သူတွေဟာ ဥရောပရဲ့ နယ်စည်းတွေကို ခြိမ်းခြောက် နေပြီး၊ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ တညီတညွတ်တည်း ရပ်တည်ဖို့ လိုပြီလို့ ဟန်ဂေရီ ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

ရွှေ့ပြောင်းသူတွေဟာ ဥရောပ ဝင်ပေါက်တွေကို ချိုးဖောက် ဝင်ရောက် နေပြီး ဥရောပထဲကို သန်းနဲ့ချီ ရောက်လာ နိုင်တယ်လို့ ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ပြောပါတယ်။

ရွှေ့ပြောင်းသူတွေကို ခွဲတမ်းနဲ့ လက်ခံရမယ့် စနစ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတဲ့ ပိုလန်၊ ဟန်ဂေရီ၊ ချက်ခ် နဲ့ စလိုဗားကီးယား နိုင်ငံတွရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေလည်း ပရာ့ဂ် မြို့မှာ တွေ့ဆုံ ဆွေးနွေး နေကြပါတယ်။

ဂျာမနီနဲ့ ပြင်သစ် နိုင်ငံ တို့ကတော့ ရွှေ့ပြောင်းသူတွေကို ဥရောပ နိုင်ငံအားလုံးကို အညီအမျှ ထပ်မံ ခွဲဝေ လက်ခံကြဖို့ လိုလား နေကြပါတယ်။

ရွှေ့ပြောင်းသူတွေဟာ ထိန်းမနိုင် သိမ်းမရ ဝင်လာနေပြီလို့ ဟန်ဂေရီ ဝန်ကြီးချုပ် မစ္စတာ အော်ဘန် ပြောခဲ့ပြီး မကြာမီမှာပဲ ဟန်ဂေရီ ပါလီမန်က ရွှေ့ပြောင်းသူတွေကို ကိုင်တွယ်ရာမှာ စစ်တပ်ကို လုပ်ပိုင်ခွင့် အာဏာ ထပ်တိုးစေတဲ့ ဥပဒေသစ် တစ်ခုကို အတည်ပြု လိုက်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ