ယူကေ နျူစက်ရုံမှာ ရင်းနှီးမြှုပ်နှံခွင့် တရုတ်ကို ပေးမယ်

  • 21 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် EDF Energy
Image caption Hinkley Point မှာ နျူ စက်ရုံ အသစ်တစ်ခု တည်ဆောက် သွားမယ်လို့ ဆို။

ယူကေ နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း အသစ် တည်ဆောက်မယ့် နျူကလီးယား စက်ရုံအတွက် ဒေါ်လာ သန်း ၃ ထောင်ကျော် ရင်းနှီး မြှုပ်နှံဖို့ တရုတ်နဲ့ ပြင်သစ် တို့ကို ခွင့်ပြု ပေးသွားမယ်လို့ ဗြိတိန်က ကတိပေး ပြောဆို လိုက်ပါတယ်။

ပြင်သစ် စွမ်းအင် ကုမ္ပဏီ EDF က တည်ဆောက် နေတဲ့ နျူကလီးယား စက်ရုံ စီမံကိန်းဟာ ခန့်မှန်းခြေ ၂၅ ဘီလျံ ပေါင် ကုန်ကျမှာ ဖြစ်ပြီး EDF ကုမ္ပဏီ အနေနဲ့ တစ်ဦးတည်း မတတ်နိုင်တဲ့ အတွက် ငွေရင်းနှီးမယ့်သူကို ရှာဖွေနေတာ ဖြစ်ပါတယ်။

နှောင့်နှေးနေတဲ့ နျူကလီးယား စက်ရုံ စီမံကိန်းမှာ ငွေကြေး အခက်အခဲတွေနဲ့ ကြုံခဲ့ရင် ငွေချေးသူတွေကို ပြန်ဆပ်ဖို့ ဒီငွေတွေကို အသုံးပြု သွားမယ်လို့ ဆိုပါတယ်။

ဗြိတိန် ဘဏ္ဍာရေး ဝန်ကြီး ဂျော့ အော့စဘွန်း တရုတ်နိုင်ငံ ဘေဂျင်း မြို့ကို ရောက်ရှိစဉ် အခုလို ကတိပေး ပြောဆိုခဲ့တာပါ။

တရုတ် နိုင်ငံကို ဗြိတိန်ရဲ့ အကောင်းဆုံး စီးပွားဖက် ဖြစ်လိုတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ