ရွှေ့ပြောင်းသူအရေး အီးယူ နိုင်ငံတွေ ထပ်မံ ကွဲလွဲ

  • 23 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption ဂရိ နိုင်ငံထဲကို ရွှေ့ပြောင်းသူတွေ ဆက်လက် ရောက်လာနေဆဲ။

ရွှေ့ပြောင်းသူ ၁ သိန်း ၂ သောင်းကို ခွဲဝေ လက်ခံဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အီးယူ နိုင်ငံတွေ အကြား ကွဲလွဲချက်တွေ ထပ်မံ ပေါ်ပေါက် လာတာကြောင့် ဘရပ်ဆဲလ် မြို့မှာ အီးယူ ခေါင်းဆောင်တွေ အရေးပေါ် ဆွေးနွေး နေပါတယ်။

ဒုက္ခသည် ခွဲတမ်းနဲ့ လက်ခံရေး အစီအစဉ်ကို အင်္ဂါနေ့က အီးယူ ဝန်ကြီးတွေ ထောက်ခံမဲ အများစုနဲ့ အတည်ပြု လိုက်ပေမယ့် စလိုဗက်ကီးယား နိုင်ငံကတော့ လက်မခံဘဲ ဥပေဒကြောင်းအရ ဆန့်ကျင်ဖို့ လုပ်ဆောင် နေပါတယ်။

ဟန်ဂေရီ ဝန်ကြီးချုပ်ကတော့ ရွှေ့ပြောင်းသူတွေကို ကမ္ဘာအနှံ့ တခြား နိုင်ငံတွေကလည်း ခွဲဝေ လက်ခံဖို့နဲ့ ဂရိ နယ်စပ်ကို အီးယူ တပ်ဖွဲ့တွေက တာဝန်ယူ ပိတ်ဆို့ဖို့ အပါအဝင် တခြား ရွေးချယ်စရာ နည်းလမ်းတွေ တင်ပြ ခဲ့ပါတယ်။

အီးယူ ထိပ်သီး ဆွေးနွေးပွဲမှာ ဥရောပ နယ်ခြားစည်းတွေကို တင်းကျပ်ဖို့နဲ့ ဆီးရီးယား အိမ်နီးချင်း နိုင်ငံတွေကို အကူအညီ ပေးဖို့ စတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ