နေ့စဉ် ဒုက္ခသည် ၈ ထောင် ဥရောပကို ဝင်ရောက်နေ

  • 25 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption ဆားဗီးယား ဘက်ကနေ ခရိုအေးရှား နိုင်ငံထဲကို မိုးထဲ ရေထဲ ဝင်ရောက်နေ။

ဆီးရီးယားနဲ့ အီရတ် ဒုက္ခသည် ၈ ထောင်လောက် ဥရောပကို နေ့စဉ် ဝင်ရောက်နေပြီး၊ အဲဒီလို ဝင်ရောက်တဲ့ နှုန်းဟာလည်း လျော့သွားဖွယ် မရှိဘူးလို့ ကုလ သမဂ္ဂက ပြောပါတယ်။

ဂရိ နိုင်ငံထဲ နေ့စဉ် ဝင်ရောက်တဲ့ နှုန်းကတော့ တစ်နေ့ကို ဒုက္ခသည် ၅ ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။

နယ်စပ်တွေ မပိတ်ခဲ့ဘူး ဆိုရင် ဆောင်းရာသီမှာလည်း အခုအတိုင်း ဆက်လက် ဝင်ရောက်ဖွယ် ရှိတယ်လို့ ရွှေ့ပြောင်းသူများ ဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) က ဘီဘီစီကို ပြောပါတယ်။

အခုနှစ်အတွင်း ဆီးရီးယားနဲ့ တခြား ပဋိပက္ခ နိုင်ငံတွေက ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၅ သိန်းလောက် ဥရောပကို ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဥရောပကို ရောက်ရှိလာတဲ့ ရွှေ့ပြောင်းသူတွေထဲက ၁ သိန်း ၂ သောင်းကို ခွဲဝေ လက်ခံဖို့ ကိစ္စနဲ့ ပတ်သက်ပြီး အီးယူ နိုင်ငံတွေ အကြား သဘောထား ကွဲလွဲချက်တွေ အခု သီတင်းပတ် အတွင်းမှာ ထင်ထင်ရှားရှား ပေါ်ထွက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ