ဆီး​ရီး​ယား​ထဲ​က နေရာ​၂​ခု​မှာ အပစ်​ရပ်​ဖို့ သဘောတူ

  • 25 စက်တင်ဘာ 2015
_zabadani ဓာတ်ပုံ မူပိုင် Reuters
Image caption Zabadani မှာ ပိတ်မိ နေကြတဲ့ သူပုန် တွေ ကို ထွက်ခွာ သွားခွင့် ပေး။

ဆီးရီးယား နိုင်ငံထဲ က ဒေသ ၂ ခုမှာ သူပုန်တွေ နဲ့ အစိုးရကို လိုလားတဲ့ တပ်ဖွဲ့တွေ အကြား ၆ လကြာ အပစ်ရပ် ထားဖို့ သဘော တူညီမှု တစ်ရပ် ရရှိ လာတယ် ဆိုပြီး ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Hassan Nasrallah က ပြောပါတယ်။

ဒီ သဘောတူ ညီမှု အရ လက်ဘနွန် နဲ့ နယ်စပ် အနီး က ဆီးရီးယား မြို့ ဖြစ်တဲ့ Zabadani မှာ ပိတ်မိ နေကြတဲ့ သူပုန် တွေ ကို ထွက်ခွာ သွားခွင့် ပေးမှာ ဖြစ်တယ် လို့ မစ္စတာ နာဇရဲလား က ဆိုပါတယ်။

Zabadani မြို့ ကို ဟစ်ဘိုလာ အဖွဲ့က ကျောထော နောက်ခံ ပြုထားတဲ့ ဆီးရီးယား အစိုးရ တပ်တွေ က ဝိုင်းရံ ပိတ်ဆို့ ထားတာ ဖြစ်ပါတယ်။

အပြန်အလှန် အနေနဲ့ Idlib ပြည်နယ်ထဲ မှာ သူပုန်တွေ က ပိတ်ဆို့ ထားတဲ့ ရှီအာ မွတ်ဆလင်မ် ကျေးရွာ ၂ ခု ကနေ အရပ်သားတွေကို ကယ်ထုတ် ဖယ်ရှား ခွင့် ရရှိ လာမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ ရဲ့ ကြီးကြပ်မှု နဲ့ အတူ အီရန် နိုင်ငံက ကြားဝင် ညှိနှိုင်း ပေးခဲ့ ရာက အခုလို သဘောတူညီ မှု ရရှိ ခဲ့တာ ဖြစ်တယ် လို့ မစ္စတာ နာဇရဲလား က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ