ဖွံဖြိုးဆဲ နိုင်ငံတွေကို ကူဖို့ တရုတ်က ဒေါ်လာ သန်း၂ထောင် ပေးမယ်

  • 26 စက်တင်ဘာ 2015
_un_summit_ ဓာတ်ပုံ မူပိုင်
Image caption ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံတွေ အပါအဝင် ကျွန်း နိုင်ငံ ငယ် လေးတွေ က တရုတ် အပေါ် တင်ရှိ နေတဲ့ ကြွေးမြီ တွေ ကိုလည်း လျှော်ပေးမယ်။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ကို ကူညီဖို့ရာ ရံပုံငွေ အသစ် အဖြစ် ဒေါ်လာ ၂ ဘီလီယံ ထည့်ဝင် မယ် လို့ တရုတ် သမ္မတ ရှီကျင်းပင် က ပြောလိုက် ပါတယ်။

ဒါ့အပြင် လာမယ့် ၁၅ နှစ် အတွင်း ရံပုံငွေ ကို ဒေါ်လာ ၁၂ ဘီလီယံ အထိ တိုးမြှင့် ပေးသွားမယ် လို့လည်း သမ္မတ ရှီကျင်းပင် က ကတိ ပြုခဲ့ ပါတယ်။

ကမ္ဘာပေါ် က ဖွံဖြိုးမှု အနည်းဆုံး နိုင်ငံတွေ အပါအဝင် ကျွန်း နိုင်ငံ ငယ် လေးတွေ က တရုတ် အပေါ် တင်ရှိ နေတဲ့ ကြွေးမြီ တွေ ကိုလည်း လျှော်ပေးမယ် ဆိုပြီး တရုတ် သမ္မတ ရှီကျင်းပင် က ကမ္ဘာ့ ဖွံ့ဖြိုးရေး ရည်မှန်းချက် တွေ အပေါ် ဆွေးနွေး ကြတဲ့ ကုလသမဂ္ဂ ရဲ့ ထိပ်သီး အစည်းအဝေး မှာ ပြောခဲ့ ပါတယ်။

တရုတ် နိုင်ငံရဲ့ ဒီလို ဆောင်ရွက် လာမှု ဟာ ကမ္ဘာ့ နိုင်ငံရေး ဇာတ်ခုံပေါ် အဓိက နေရာက ပါဝင်သူ အဖြစ် အသိအမှတ် ပြု ခံလိုစိတ် ပြင်းပြ နေတာ ကို ပြသ နေတယ် လို့ သုံးသပ်သူတွေ က ဆိုပါတယ်။

တရုတ် နိုင်ငံဟာ နိုင်ငံတကာ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ မှာ ပါဝင် လိုစိတ် မရှိပဲ ကိုယ်ကျိုး စီးပွားရေး ကိုသာ စိတ်ဝင်စားတယ် ဆိုပြီး အနောက် နိုင်ငံတချို့ရဲ့ ဝေဖန် မှု တွေ အရင်တုန်း က ထွက်ပေါ် လေ့ ရှိ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ