မက္ကဆီကိုမှာ ကျောင်းသားတွေ ပျောက်နေတာ နှစ်ပတ်လည်ပြီ

  • 26 စက်တင်ဘာ 2015
ezequiel_mora ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံတကာ ကြီးကြပ်မှု နဲ့ အထူး အဖွဲ့ တစ်ရပ် လက်ထဲ ထည့်ပြီး စုံစမ်း စစ်ဆေးခွင့် ပေးဖို့ အစိုးရ ကို မိဘ တွေက တောင်းဆို။

မက္ကဆီကို နိုင်ငံမှာ ကျောင်းသား ၄၃ ဦး ပျောက်ဆုံး သွားခဲ့တဲ့ ဖြစ်ရပ် ရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ကျောင်းသားတွေ ရဲ့ မိဘ တွေ ပါဝင် ဦးဆောင်ပြီး မြို့တော် မက္ကဆီကို စီးတီး မှာ ဆန္ဒပြ ချီတက် လှည့်လည် ခဲ့ကြပါတယ်။

ထောင်ပေါင်းများစွာ သော လူတွေ နဲ့ အတူ မိဘ တွေ ဟာ သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ သားတွေ ရဲ့ ဓာတ်ပုံတွေ ပါတဲ့ ပိုစတာ ဆိုင်းဘုတ်ဒ် တွေ ကိုယ်စီ ကိုင်ဆောင်ပြီး မက္ကဆီကို စီးတီးရဲ့ လမ်းတွေ တလျှောက် ချီတက် ခဲ့ကြတာပါ။

ကျောင်းသားတွေ ပျောက်ဆုံးနေမှု ကို နိုင်ငံတကာ ကြီးကြပ်မှု နဲ့ အထူး အဖွဲ့ တစ်ရပ် လက်ထဲ ထည့်ပြီး စုံစမ်း စစ်ဆေးခွင့် ပေးဖို့ အစိုးရ ကို မိဘ တွေက တောင်းဆို ခဲ့ကြပါတယ်။

အစိုးရ ရဲ့ စုံစမ်းမှု ကနေ ပြောထားတာ ကတော့ အီဂွဲလား မြို့မှာ အဲဒီ့ ကျောင်းသား တွေ ကို ရာဇဝတ် ဂိုဏ်း တစ်ခု ရဲ့ လက်ထဲ ရဲ က အပ်လိုက်ခဲ့ တဲ့နောက် ကျောင်းသား တွေ ကို သတ်ဖြတ်ပြီး အလောင်းတွေ ကို အမှိုက်ပုံကြီး တစ်ခုမှာ မီးရှို့ ခဲ့ကြတယ် လို့ ဆိုပါတယ်။

ဒါပေမယ့် မိဘတွေ အနေနဲ့ အစိုးရ ရဲ့ ပြောဆိုချက် အပေါ် လက်မခံပဲ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ