ကက်တလိုးနီးယား ဒေသရွေးကောက်ပွဲ က နေ နိုင်ငံသစ် တခု ဖြစ်လာမလား

  • 27 စက်တင်ဘာ 2015
ကက်တလိုးနီးယား ဓာတ်ပုံ မူပိုင် Getty
Image caption ကက်တလိုးနီးယား လွတ်လပ်ရေး လိုလားသူတွေ လည်း မဲပေးနေ

စပိန် က ကက်တလိုးနီးယား ဒေသမှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲ လုပ်နေပြီး ဒီရွေးကောက်ပွဲမှာ ခွဲထွက်ရေး ထောက်ခံတဲ့ ဒေသခံ ပါတီ တွေ နိုင်ရင် လွတ်လပ်ရေး တောင်းဆို နိုင်မယ် လို့ မှန်းဆ နေကြပါတယ်။

အဲဒီ ဒေသမှာ လူငါးသန်း ကျော် မဲပေးနိုင်ကြပါတယ်။

ခွဲထွက်ရေး ထောက်ခံထားတဲ့ ပါတီတွေ က သူတို့နိုင်ရင် လွတ်လပ်တဲ့နိုင်ငံ တခုဖြစ်လာဖို့ လုပ်ပိုင်ခွင့် တွေ ရလာမယ် လို့ ပြောပါတယ်။

မက်ဒရစ် က စပိန်အစိုးရ ကတော့ အဲဒီလို သူတို့ ခွဲထွက်ပြီးမသွားနိုင် အောင် ဖြစ်နိုင်တဲ့ နည်းပေါင်းစုံ နဲ့ တားဆီး သွားမယ် လို့ ပြောနေပါတယ်။