ကတ်တာလိုနီယာ ရွေးကောက်ပွဲမှာ ခွဲထွက်ရေး ညွန့်ပေါင်းအုပ်စု အနိုင်ရ

  • 28 စက်တင်ဘာ 2015
catalonia_election
Image caption မှာ ခွဲထွက်ရေး လက်ဝဲ ပါတီ တွေ ရဲ့ မဟာမိတ် တပ်ပေါင်းစု အဖွဲ့ က အနိုင် ရ။

စပိန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်တဲ့ ကတ်တာလိုနီယာ ပြည်နယ် ပါလီမန် ရွေးကောက်ပွဲ မှာ ခွဲထွက်ရေး လက်ဝဲ ပါတီ တွေအနိုင် ရရှိ သွားပြီ ဖြစ်ပါတယ်။

မဲ အများစု ကို ရေတွက် အပြီးမှာ လုံးဝ လွတ်လပ် ရေး ကို လိုလား တဲ့ အဓိက လက်ဝဲ ညွန့်ပေါင်း အဖွဲ့ က ပြည်နယ် အစိုးရ ဖွဲ့ နိုင်လိုက် အောင် ၅၀% ကျော် မဲ အသာစီး မရခဲ့ ပေမယ့် တခြား ခွဲထွက်ရေး ဝါဒီ ပါတီ တစ်ရပ်ရပ် နဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ နိုင်မယ့် အခြေ အနေ ရှိ နေပါတယ်။

စပိန်ကနေ ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ယူမလား ဆိုတဲ့ အချက် အပေါ် ကတ်တာလိုနီယာ ပြည်သူတွေက သဘောတူ ခဲ့ကြတာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရ ရဲ့ ယာယီ ဝန်ကြီးချုပ် Arturo Mas က ဆိုပါတယ်။

စပိန် နိုင်ငံရဲ့ ဗဟို အစိုးရ ကတော့ ခွဲထွက်ရေး လှုပ်ရှားမှု အားလုံးကို တရားရုံးတော် ကနေ တဆင့် ပိတ်ပင် တားဆီး သွားမှာ ဖြစ်တယ် လို့ ပြောထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ