ကုလ ညီလာခံမှာ ဆီးရီးယားအရေး ထိပ်တန်းရောက်

  • 28 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ကုလသမဂ္ဂရဲ့ အကြိမ် ၇၀ မြောက် အထွေထွေ ညီလာခံမှာ အိုဘားမား မိန့်ခွန်းပြောစဉ်။

နယူးယောက် မြို့က ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက် နေတဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေ အကြား အဓိက ပြောဆို ဆွေးနွေး နေကြတဲ့ အကြောင်းအရာ ကတော့ ဆီးရီးယား ပဋိပက္ခ ဖြစ်ပါတယ်။

ရုရှား သမ္မတ ပူတင်က ဆီးရီးယား အရေးနဲ့ ပတ်သက်တဲ့ အဆိုပြုချက် တွေကို ချပြဖို့ အမေရိကန် သမ္မတ အိုဘားမားနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ရုရှား နိုင်ငံဟာ ဆီးရီးယား သမ္မတ အာဆတ်ကို အဓိက ထောက်ပံ့ ပေးနေသူ ဖြစ်ပါတယ်။

အနောက်နိုင်ငံ ခေါင်းဆောင်တွေက သမ္မတ ပူတင်ဟာ ဆီးရီးယား နိုင်ငံရေး အပြောင်းအလဲမှာ ပါလာ နိုင်တယ်လို့ အမြင် ပြောင်းလာတာကြောင့် အခုနောက်ပိုင်းမှာ ပူတင် အပေါ် ဖြေလျှော့ ဆက်ဆံ လာခဲ့ကြပါတယ်။

ဆီးရီးယား အတွက် နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့တစ်ခုကို ဒေသတွင်း နိုင်ငံကြီး အချို့ အပါအဝင် ရုရှား၊ အမေရိကန်၊ အီရန်၊ တူရကီ တို့နဲ့ ဖွဲ့စည်းဖို့ အစီအစဉ်တွေ ကိုလည်း မော်စကိုက အကြံပြုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ