ခန်ဒက်ဇ်မြို့တစ်ဝက် တာလီဘန်လက်ထဲ ကျရောက်

  • 28 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AP
Image caption ခန်ဒက်ဇ်မြို့ ရဲစခန်း တစ်ခုက မီးခိုးတွေကို မြင်ရစဉ်။

အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်းက မဟာဗျူဟာ ကျတဲ့ ခန်ဒက်ဇ် မြို့ကို ရာနဲ့ချီတဲ့ တာလီဘန်တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပြီးနောက် မြို့ရဲ့ ထက်ဝက်ကို ထိန်းချုပ် ထားလိုက်ပြီလို့ အာဖဂန် ရဲတပ်ဖွဲ့က ပြောပါတယ်။

အကျဉ်းထောင်တစ်ခု အပါအဝင် အာဖဂန် အစိုးရ အဆောက်အအုံတွေကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲတွေလည်း ပြင်းပြင်းထန်ထန် ဆက်ဖြစ်နေပါတယ်။

ခန်ဒက်ဇ်မြို့ တာလီဘန်တွေ လက်ထဲ ကျခဲ့ရင် အမေရိကန်တွေ ဝင်တိုက်ခဲ့တဲ့ ၂၀၀၁ ခုနှစ် နောက်ပိုင်း တာလီဘန်တွေ ပထမဆုံး ပြန်သိမ်းနိုင်တဲ့ ပြည်နယ် မြို့တော် ဖြစ်လာဖို့ ရှိပါတယ်။

ခန်ဒက်ဇ်မြို့ဟာ မဟာဗျူဟာအရ အရေးပါတဲ့ မြို့ ဖြစ်သလို အာဖဂန် မြောက်ပိုင်းရဲ့ ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်းတွေ ဆုံရာ မြို့လည်း ဖြစ်ပါတယ်။

တာလီဘန် အစိုးရ မပြုတ်ကျမီ လွန်ခဲ့တဲ့ ၁၄ နှစ်က တာလီဘန်တွေရဲ့ မြောက်ဘက် ခြေကုပ်စခန်း မြို့လည်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ