တရုတ် ထိပ်တန်းတရားသူကြီး အကျင့်ပျက်မှုနဲ့ ရင်ဆိုင်ရ

  • 29 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် AFP
Image caption အကျင့်ပျက် ခြစားမှုတွေကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ပြသနေခဲ့။

တရုတ် နိုင်ငံမှာ ရာထူးအမြင့်ဆုံး တရားသူကြီးတွေထဲက တစ်ယောက် ဖြစ်သူ ရှီရှောင်မိန် Xi Xiaoming ဟာ အကျင့်ပျက်မှုနဲ့ စွဲချက်တင် ခံခဲ့ရပြီးနောက် ရာထူးကနေ ဖြုတ်ချ ခံလိုက်ရသလို ကွန်မြူနစ် ပါတီဝင် အဖြစ်ကနေလည်း ထုတ်ပယ် ခံလိုက်ရပါတယ်။

မစ္စတာ ရှီဟာ နိုင်ငံရေး စည်းကမ်းကို ဖောက်ဖျက် ခဲ့သလို၊ တာဝန် ဆောင်ရွက်ရာမှာလည်း ဥပဒေနဲ့ မညီခဲ့ဘူးလို့ တရုတ် စည်းကမ်း ထိန်းသိမ်းရေး စုံစမ်းမှု ဗဟို ကော်မရှင်က ပြောပါတယ်။

မစ္စတာ ရှီရှောင်မိန်ဟာ တရုတ် တရားလွှတ်တော်ချုပ်ရဲ့ လက်ထောက် တရားသူကြီး ၉ ဦးအနက် တစ်ဦး ဖြစ်သူပါ။

အခုတော့ မစ္စတာ ရှီဟာ လာဘ်စားမှု၊ အာဏာ အလွဲသုံးမှုတွေအတွက် ရာဇဝတ်မှု စွဲချက်တွေနဲ့ ဆက်လက် ရင်ဆိုင်ရဖို့ ရှိပါတယ်။

တရုတ် ထိပ်တန်း အရာရှိတွေ အကျင့်ပျက်မှု တွေကြောင့် ဆက်တိုက် ပြစ်ဒဏ် ကျခံနေကြရတဲ့ အနက် မစ္စတာ ရှီရဲ့ အမှုက နောက်ဆုံး ပေါ်လာတဲ့ အမှု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ