ခွန်ဒုဇ်မြို့မှာ တာလီဘန်တွေ ခြေကုပ် ပိုရလာ

  • 30 စက်တင်ဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ခွန်ဒုဇ်မြို့ လမ်းတွေပေါ်မှာ တာလီဘန်တွေကို တွေ့မြင်လာရ။

အာဖဂန် နစ္စတန် နိုင်ငံ မြောက်ပိုင်းက ခွန်ဒုဇ် မြို့မှာ တာလီဘန်တွေက စစ်တပ် အခြေစိုက် စခန်းတစ်ခုကို ထပ်သိမ်း လိုက်တဲ့ အတွက် အဲဒီမြို့မှာ တာလီဘန်တွေ ခြေကုပ် ပိုရသွားပါတယ်။

ခွန်ဒုဇ်မြို့ကို ပြန်သိမ်းဖို့ နေတိုးအဖွဲ့ရဲ့ ကူညီ တိုက်ခိုက်မှုတွေနဲ့ အတူ အာဖဂန် အစိုးရက စစ်ကူတွေ ပို့လွှတ်ခဲ့တဲ့ ကြားက တာလီဘန်တွေက အဲဒီ Bala Hisar ခံတပ်ကို ထပ်မံ သိမ်းပိုက် ခဲ့တာပါ။

ဒါကြောင့် အာဖဂန် အစိုးရ တပ်တွေ ထိန်းချုပ် ထားနိုင်တဲ့ အဓိက နေရာ အနေနဲ့ ခွန်ဒုဇ် မြို့ပြင် တောင်ကုန်း ပေါ်က လေဆိပ် တစ်ခုသာ ကျန်ပါတော့တယ်။

ခွန်ဒုဇ်မြို့ကို တာလီဘန်တွေက တနင်္လာနေ့က ဝင်သိမ်းခဲ့တာပါ။ အင်္ဂါနေ့ နှောင်းပိုင်းကလည်း လေဆိပ်ကို တာလီဘန်တွေ သိမ်းပိုက်ဖို့ ကြိုးစားခဲ့ရာမှာ အမေရိကန်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဟန့်တား ခဲ့ရပါတယ်။

ခွန်ဒုဇ်မြို့ဟာ အာဖဂန်ရဲ့ အကြီးဆုံး မြို့တွေထဲက တစ်ခု ဖြစ်ပြီး၊ နိုင်ငံ မြောက်ပိုင်းက ခရီးလမ်းပန်း ဆုံရာမြို့ ဖြစ်တဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ မြို့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ