ပါလက်စတိုင်းတွေကို ဂျေရုဆလင် မြို့ဟောင်းအတွင်း ဝင်ခွင့်မပြု

  • 4 အောက်တိုဘာ 2015
jerusalam ဓာတ်ပုံ မူပိုင် bbc
Image caption ပါလက်စတိုင်းနဲ့ အစ္စရေးရဲတွေ အကြား ရုန်းရင်း ဆန်ခတ် တိုက်ခိုက် တာတွေ ဖြစ်

ဓားထိုး တိုက်ခိုက်မှု ၂ ကြိမ်ဖြစ်ခဲ့အပြီး ပါလက်စတိုင်းတွေ ဂျေရုဆလင် မြို့ဟောင်းအတွင်း ဝင်ခွင့် မပေးဖို့ အစ္စရေး ဖက်က ပိတ်ပင် လိုက်ပါတယ်။

ကန့်သတ်ချက် က အနည်းဆုံး ၂ ရက်ကြာမှာဖြစ်ပြီး အဲဒီ မြို့မှာနေထိုင်တဲ့ ပါလက်စတိုင်းတွေ က လွဲလို့ ကျန်တဲ့ ပါလက်စတိုင်းတွေ ဝင်ခွင့်ရမှာ မဟုတ်ပါဘူး။

အစ္စရေး ရဲတပ်ဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် မစ်ကီ ရိုဆန်ဖဲလ် က မြို့ထဲမှာ နေတဲ့ သူ က လွဲလို့ ကျန်တဲ့ ပါလက်စတိုင်းတွေ ဝင်ခွင့်မပေးဘူး၊ လူထောင်ပေါင်းများစွာ လာတဲ့ ဂျူးပွဲတော် မှာ နောက်ထပ် တိုက်ခိုက်မှုတွေ မဖြစ်အောင် လို့ ပိတ်တာ လို့ ဆိုပါတယ်။

စနေနေ့ ည က ပါလက်စတိုင်း တယောက် က အစ္စရေး ၂ ယောက် ကို ဓားနဲ့ ထိုးသတ်ခဲ့ပါတယ်။

နောက် နာရီပိုင်း အကြာ မှာ ပဲ နောက်ထပ် ပါလက်စတိုင်း တယောက် က အစ္စရေး ဆယ်ကျော်သက် တယောက် ကို ဓားနဲ့ ထိုးလို့ အဲဒီ လူငယ် ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ခိုက်တဲ့ ပါလက်စတိုင်း ၂ ယောက် ကိုတော့ အစ္စရေး ရဲတွေ က ပစ်သတ် ခဲ့ပါတယ်။

ပါလက်စတိုင်းတွေ နဲ့ အစ္စရေးရဲတွေ၊ ဂျူးအခြေချ နေထိုင်သူတွေ အကြား ရုန်းရင်းဆန်ခတ် ဖြစ်တာတွေကြောင့် ဒဏ်ရာရတဲ့ ပါလက်စတိုင်း ၇၀ ကျော် ရှိတယ် လို့ ပါလက်စတိုင်း လခြမ်းနီ အဖွဲ့ က ပြောပါတယ်။