ဆေးရုံ ဗုံးကြဲခံရမှု လွတ်လပ်တဲ့ စုံစမ်းရေး လုပ်ဖို့ တောင်းဆို

  • 4 အောက်တိုဘာ 2015
_kunduz
Image caption စစ်ရာဇဝတ်မှု ဖြစ်တယ် ဆိုတာ ထင်ရှား တယ် လို့ MSF က ပြော။

အာဖဂန်နစ္စတန် နိုင်ငံ မြောက်ပိုင်း ခွန်ဒုစ် မြို့က ဆေးရုံ ဗုံးကြဲ ခံခဲ့ရတဲ့ အဖြစ်အပျက် အပေါ် လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းရေး တစ်ရပ် ပြုလုပ်ဖို့ အဲဒီ့ ဆေးရုံ ကို ဦးစီး ဆောင်ရွက် ပေးခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့ MSF က တောင်းဆို လိုက် ပါတယ်။

အဲဒီ့ ဆေးရုံ ကို ဗုံးကြဲ ခဲ့တဲ့ အမေရိကန် စစ်တပ် လည်း ပြစ်တင် ဝေဖန် ခံနေရ ပါတယ်။

ဗုံးကြဲ တိုက်ခိုက် မှု ကြောင့် ခွန်ဒုစ် ဆေးရုံ က ၀န်ထမ်း ၁၂ ဦးနဲ့ လူနာ ၁၀ ဦး သေဆုံး ခဲ့ ရပြီး ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်တယ် ဆိုတာ ထင်ရှား တယ် လို့ MSF က ပြောပါတယ်။

ဒီ အဖြစ်အပျက် အပေါ် အမေရိကန် က စုံစမ်းစစ်ဆေး တာ မျိုး ကို ယုံကြည် ကိုးစားဖို့ မဖြစ်နိုင်ဘူး လို့လည်း MSF က ဆိုပါတယ်။

အမေရိကန် တွေ ကို တိုက်ရိုက် ပစ်ခတ် နေတဲ့ တာလီဘန် သူပုန် တွေ ကို ပစ်မှတ် ထားပြီး ဆေးရုံ တည်ရှိရာ အရပ် ကို လေကြောင်း တိုက်ခိုက်မှု တွေ ပြုလုပ် ခဲ့တာ ဖြစ်တယ် လို့ အမေရိကန် ဘက် က ပြောပါတယ်။

MSF ကတော့ ဆေးရုံ ပရိဝုဏ် ထဲ တာလီဘန် တွေ ရှိခဲ့တယ် ဆိုတဲ့ အချက် ကို ငြင်းပယ် ခဲ့ပြီး အမေရိကန် ရဲ့ တိုက်ခိုက်မှု တွေ ဟာ ဆေးရုံ ကို တည့်တည့် ချိန်ရွယ် တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ