ရုရှားရဲ့ စစ်ရေးစွက်ဖက်မှုကို ဆီးရီးယားသမ္မတ ချီးကျူးပြောဆို

  • 4 အောက်တိုဘာ 2015
russian_planes_syria
Image caption ရုရှား အနေနဲ့ ဆီးရီးယား ထဲမှာ လေကြောင်း တိုက်ခိုက် မှု တွေ ဆက်လက် ပြုလုပ် နေ။

ဆီးရီးယား ပြည်တွင်းစစ် မှာ ရုရှား ပါဝင် ပတ်သက် လာမှု ဟာ အရှေ့ အလယ်ပိုင်းဒေသ တစ်ခုလုံး ရဲ့ လုံခြုံရေး အတွက် အင်မတန် အရေးပါ တယ် ဆိုပြီး ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ် က ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS ကို ပစ်မှတ်ထား ပြုလုပ် နေတဲ့ အမေရိကန် ဦးဆောင် တဲ့ လေကြောင်း တိုက်ခိုက်မှု တွေ ကတော့ အကြမ်းဖက် ဝါဒ ပြန့်နှံ့ လာမှု ကို မတားဆီး နိုင်ဘူး လို့လည်း ဆီးရီးယား သမ္မတ က ဆိုပါတယ်။

ဒါ့အပြင် အရှေ့ အလယ်ပိုင်းဒေသ တစ်ခုလုံး ကျဆုံး ပျက်စီး မသွားဖို့ ဆိုရင် ဆီးရီးယား၊ ရုရှား၊ အီရန် နဲ့ အီရတ် နိုင်ငံ တွေ မဟာမိတ် ဖွဲ့ ပူးပေါင်း ဆောင်ရွက် မှပဲ ရနိုင် မယ် လို့လည်း သမ္မတ အာဆတ် က ဆိုပါတယ်။

ရုရှား အနေနဲ့ ဆီးရီးယား ထဲမှာ လေကြောင်း တိုက်ခိုက် မှု တွေ ဆက်လက် ပြုလုပ် နေပြီး သူတို့ အဆိုအရ IS တွေ ရဲ့ နေရာ ကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့တာ ဖြစ်တယ် လို့ ပြောပါတယ်။

ဒါပေမယ့် ဆီးရီးယား အရေး တက်ကြွ လှုပ်ရှား နေသူ တွေ ရဲ့ အဆိုအရ တော့ ရုရှား ရဲ့ တိုက်ခိုက်မှု တွေ ဟာ သမ္မတ အာဆတ် ကို ခြိမ်းခြောက် နေတဲ့ တခြား သူပုန် အုပ်စု တွေ အပေါ် အဓိက ပစ်မှတ်ထား ဆောင်ရွက် နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ