ပစ္စိဖိတ်ကမ်း နိုင်ငံတွေ ကုန်သွယ်ရေးဇုန် သဘောတူ

  • 5 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters
Image caption ကမ္ဘာ့ ထုတ်ကုန်ရဲ့ ၄၀ ရာနှုန်းကျော် ရှိတဲ့ နိုင်ငံ ၁၂ နိုင်ငံ အကြား ကုန်သွယ်မှုတွေကို ဒီသဘောတူညီချက် သက်ရောက်မယ်

ကမ္ဘာ့ အကြီးဆုံး တွေထဲက တစ်ခု ဖြစ်လာမယ့် 'လွတ်လပ်သော ကုန်သွယ်မှု ဇုန်ကြီး' တစ်ခု ထူထောင်ဖို့ ဂျပန်နဲ့ အမေရိကန် အပါအဝင် ပစ္စိဖိတ် သမုဒ္ဒရာ ကမ်းစပ် နိုင်ငံ ၁၂ နိုင်ငံတို့ သဘောတူ လက်မှတ်ထိုး လိုက်ပါတယ်။

ပစ္စိဖိတ် ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက် Trans-Pacific Partnership (TPP) ကို လက်မှတ် ထိုးခဲ့တဲ့ ၁၂ နိုင်ငံရဲ့ စုစုပေါင်း ကုန်ထုတ်လုပ်မှု ပမာဏက ကမ္ဘာ့ ထုတ်ကုန်ရဲ့ ၄၀ ရာခိုင်နှုန်း ရှိပါတယ်။

ဒီသဘောတူညီချက် အရ အမေရိကန်၊ မက္ကဆီကို၊ သြစတြေးလျ၊ ဂျပန် တို့ ပါဝင်တဲ့ အဲဒီ နိုင်ငံတွေ အကြားမှာ ကုန်သွယ်ရေး ဆိုင်ရာ အတားအဆီး တွေကို ပယ်ဖျက်ပြီး ဘုံစံနှုန်းတွေကို ထားရှိမှာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံ၊ အတ္တလန္တာ မြို့မှာ ၅ ရက်ကြာ ဆွေးနွေး ပြီးနောက် ခုလို လက်မှတ် ထိုးခဲ့တာ ဖြစ်ပေမယ့် ညှိနှိုင်းမှုတွေ လုပ်ဆောင် နေတာတော့ ၅ နှစ် ရှိပါပြီ။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇို အဘေးက ဒီသဘောတူညီချက်ဟာ အာရှ ပစ္စိဖိတ် ဒေသအတွက် သမိုင်းဝင် မှတ်တိုင် တစ်ခု ဖြစ်တယ်လို့ ပြောပါတယ်။