တူရကီဝေဟင်ထဲ ရုရှားကျူးကျော်မှု နေးတိုးဝေဖန်

  • 5 အောက်တိုဘာ 2015
_sp_sirya_turkey_against_putin ဓာတ်ပုံ မူပိုင် AP
Image caption ရုရှား သံအမတ် ကို တူရကီ ဆင့်ခေါ် ထား။

တူရကီ ရဲ့ ဝေဟင် ပိုင်နက်ထဲ ရုရှား စစ်လေယာဉ် တွေ ၂ ကြိမ်တိုင် ကျူးကျော် ဝင်ရောက် ခဲ့တာဟာ တာဝန်မဲ့ လုပ်ရပ် ဖြစ်ပြီး အဆုံးစွန် အန္တရာယ်ကြီးမား တယ် လို့ နေးတိုး စစ်မဟာမိတ် အဖွဲ့ က စွပ်စွဲ လိုက် ပြီး တူရကီ ကလည်း ရုရှား သံအမတ် ကို ဆင့်ခေါ် ထားပါတယ်။

ရုရှား အနေနဲ့ ဒီလို အပြုအမူမျိုးကို ထပ်မံ မပြုလုပ်ဖို့ နဲ့ တူရကီ ပိုင်နက် ထဲ ရုရှား လေယာဉ် တွေ ဝင်ရောက် ခဲ့ရခြင်း အတွက် ဖြေရှင်းချက် ချက်ခြင်း ပေးဖို့ ကိုလည်း နေးတိုး က တောင်းဆိုပါတယ်။

ဒါ့အပြင် ဆီးရီးယား နိုင်ငံထဲ မှာ သမ္မတ အာဆတ် ကို ဆန့်ကျင် နေတဲ့ သူပုန် အုပ်စု တွေ ကို ပစ်မှတ်ထား တိုက်ခိုက် နေတာ တွေ ရပ်တန့်ပြီး အစ္စလာမ်မစ် နိုင်ငံ အဖွဲ့ IS တွေ ကိုသာ တိုက်ခိုက် ပါ ဆိုပြီးတော့လည်း ရုရှား ကို နေးတိုး အဖွဲ့ က တိုက်တွန်း ခဲ့ပါတယ်။

ဒီ အချိန် မှာပဲ ဆီးရီးယား အစိုးရ ကို ကူညီ နေတဲ့ ရုရှား နဲ့ အီရန် နိုင်ငံ တွေ ကို တုန့်ပြန် ကိုင်တွယ်ဖို့ရာ ဒေသတွင်း နိုင်ငံတွေ အနေနဲ့ မဟာမိတ် အဖြစ် စုပေါင်း ဖွဲ့ ကြပါ ဆိုပြီး ဆီးရီးယား နိုင်ငံထဲ ရုရှား တို့ရဲ့ လေကြောင်း တိုက်ခိုက်မှု ကို ခံခဲ့ရတဲ့ သူပုန် အုပ်စု ၄၀ ကျော် က တောင်းဆို လိုက် ပါတယ်။

ဆီးရီးယား သူပုန် အုပ်စု တွေ ကို အဓိက ကျောထောက် နောက်ခံပြု ပေး နေတဲ့ နိုင်ငံ တွေ က တော့ တူရကီ၊ ဆော်ဒီအာရေဗျ နဲ့ ကာတာ နိုင်ငံ တွေ ဖြစ်ပါတယ်။

လတ်တလော မှာလည်း အဲဒီ့ နိုင်ငံ တွေ ဟာ ဆီးရီးယား သူပုန် အုပ်စု တွေ ကို အထောက်အပံ့ တွေ တိုးမြှင့် ကူညီ လာ တဲ့ အတွက် သူပုန် တပ်ပေါင်းစု တွေ အနေနဲ့ နယ်မြေ တွေ တော်တော်များများ သိမ်းပိုက် နိုင်ခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ