ဖီဖာ ခေါင်းဆောင် ၃ ဦးကို တာဝန် ယာယီရပ်ဆိုင်း

  • 8 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Reuters

ဖီဖာ ဥက္ကဋ္ဌ ဆပ် ဘလတ္တာ၊ အထွေထွေ အတွင်းရေးမှူး ဂျရုမ်း ဗဲ့လ်က် နဲ့ ဒုတိယ ဥက္ကဋ္ဌ မီရှဲလ် ပလာတီနီတို့ ၃ ယောက်ကို ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် ဖီဖာက လက်ရှိ ရာထူး တာဝန်တွေကနေ ရက်ပေါင်း ၉၀ ကြာ ယာယီ ရပ်ဆိုင်း လိုက်ပါတယ်။

အကျင့်ပျက်မှု စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးနေတဲ့ ဖီဖာရဲ့ ကျင့်ဝတ် ကော်မတီက သူတို့ ၃ ယောက်ကို အပြစ်ပေးတဲ့ အနေနဲ့ ခုလို တာဝန်တွေကနေ ရပ်ဆိုင်း လိုက်တာပါ။

ဖီဖာရဲ့ ဒုဥက္ကဋ္ဌဟောင်း ဖြစ်သူ ချန်းမောင်းဂျွန်း ကိုတော့ ဘောလုံး လောကကနေ ၆ နှစ်ကြာ ပိတ်ပင် လိုက်ပါတယ်။

ဒုဥက္ကဋ္ဌဟောင်း မစ္စတာ ချန်းနဲ့ လက်ရှိ ဒုဥက္ကဋ္ဌ ပလာတီနီ တို့ ၂ ဦးစလုံးဟာ လာမယ့် ဖေဖော်ဝါရီမှာ ဥက္ကဋ္ဌ ဘလတ္တာရဲ့ နေရာကို အစားဝင်ဖို့ မျှော်လင့် ထားကြသူတွေ ဖြစ်ပါတယ်။

သူတို့ ၃ ဦးကို ရက်ပေါင်း ၉၀ အတွင်း ဘောလုံး လောကနဲ့ မပတ်သက်ဖို့ တားမြစ်လိုက်တာ ဖြစ်ပြီး၊ သူတို့ကတော့ တစုံတရာ အမှားအယွင်း လုပ်ခဲ့တာ မရှိဘူးလို့ ပြောဆို ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ