အင်ဒိုနီးရှား တောမီး၊ နိုင်ငံတကာ အကူအညီ ရလို

  • 8 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် Getty
Image caption သစ်ဆွေးမြေတွေပေါ် လောင်ကျွမ်းနေတဲ့ တောမီးတွေကို ငြှိမ်းသတ်ဖို့ ခက်ခဲနေ။

အင်ဒိုနီးရှား နိုင်ငံမှာ တောခုတ် မီးရှို့မှုတွေကြောင့် ဒေသတွင်းမှာ ထူထဲတဲ့ မီးခိုးတွေ ဖုံးလွှမ်း သွားခဲ့ပြီးနောက် အဲဒီ တောမီးတွေကို ငြှိမ်းသတ်ဖို့ အတွက် အင်ဒိုနီးရှား သမ္မတက နိုင်ငံတကာ အကူအညီတွေ တောင်းခံ လိုက်ပါတယ်။

အစောပိုင်းက စင်ကာပူ နိုင်ငံရဲ့ အကူအညီကို အင်ဒိုနီးရှားက ငြင်းပယ် ခဲ့ပြီး အခုတော့ လက်ခံ လိုက်ပြီလို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောပါတယ်။

တစ်ခါ ရုရှား၊ မလေးရှားနဲ့ ဂျပန် နိုင်ငံတွေရဲ့ အကူအညီ တွေကိုလည်း ရလိုတယ်လို့ သူက ပြောပါတယ်။

တောမီးတွေဟာ ဆီအုန်း စိုက်ခင်းတွေနဲ့ ပျော့ဖတ်ထုတ်တဲ့ သစ် စိုက်ခင်းတွေ အတွက် ကုမ္ပဏီတွေက နှစ်စဉ် ပြုလုပ်လေ့ ရှိတဲ့အတိုင်း မြေနေရာ ရှင်းလင်း ရာကနေ စတင် လောင်ကျွမ်းခဲ့တာပါ။

တောမီးတွေက ထွက်လာတဲ့ မီးခိုးတွေကြောင့် အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်း တောင်ပိုင်း ဒေသတွေမှာ အန္တရာယ်ရှိတဲ့ အဆင့်အထိ လေထု ညစ်ညမ်းမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ