အဖွဲ့ဝင်နိုင်ငံတွေ လုံခြုံရေး နေတိုး ကတိပြု

  • 8 အောက်တိုဘာ 2015
ဓာတ်ပုံ မူပိုင် epa
Image caption ဆီးရီးယားထဲက ပစ်မှတ်တွေကို ရုရှားက ကက်စပီယံ ပင်လယ်ထဲကနေ ခရုဇ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့။

ဆီးရီးယား နိုင်ငံအတွင်း ရုရှားရဲ့ စစ်ရေး ဆောင်ရွက်မှုတွေ တိုးမြင့်လာ နေချိန်မှာ နေတိုး စစ်မဟာမိတ် အဖွဲ့ အနေနဲ့ သူ့ရဲ့ အဖွဲ့ဝင် နိုင်ငံတွေကို သေချာပေါက် ကာကွယ် ပေးသွားမှာ ဖြစ်တယ်လို့ နေတိုး အတွင်းရေးမှူးချုပ်က ပြောလိုက်ပါတယ်။

တပ်ဖွဲ့တွေ အလျင်အမြန် လှုပ်ရှား နိုင်ရေးအတွက် တုံ့ပြန်နိုင်စွမ်းကို တိုးမြှင့်ဖို့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကာကွယ်ရေး ဝန်ကြီးတွေ ဆုံးဖြတ် ခဲ့ကြတယ်လို့ နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုတင်ဘာ့ဂ်က ဆိုပါတယ်။

အစောပိုင်းက နေတိုး အဖွဲ့ဝင် တစ်နိုင်ငံ ဖြစ်တဲ့ တူရကီက သူ့ရဲ့ လေကြောင်း ပိုင်နက်ထဲကို ရုရှား တိုက်လေယာဉ်တွေ ကျူးကျော် ဝင်ရောက် ခဲ့တယ်လို့ ပြောဆို ခဲ့ပါတယ်။

ရုရှားဟာ ဆီးရီးယား နိုင်ငံထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်နေသလို အဝေးကနေ ခရုဇ် ဒုံးကျည် တွေနဲ့လည်း ပစ်ခတ် တိုက်ခိုက် နေပါတယ်။

ရုရှားဟာ ဆီးရီးယား သမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တယ် ဆိုတဲ့ စွဲချက်တွေကို ရုရှားက ငြင်းဆိုပြီး၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေက IS အဖွဲ့နဲ့ တခြား စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို ထိမှန် ခဲ့တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ